မြောက်ကိုရီးယားနိုင်ငံဟာ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ သွင်းကုန်ကန့်သတ်ချက်ကို ချိုးဖေါက်ခဲ့တယ်လို့ AFP သတင်းဌာနက ဖေါ်ပြတဲ့ မှတ်တမ်းတွေအရ မြောက်ကိုရီးယားကို ရေနံတင်ပို့တာများကို ချက်ခြင်းတားမြစ်ပေးပို့ အမေရိကန်နိုင်ငံက ပန်ကြားလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်က လုံခြုံရေးကောင်စီကို အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပါတယ်။ အစီရင်ခံစာမှာ မြောက်ကိုရီးယားကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မေလ ၃ဝ ရက်အတွင်း ချက်လုပ်ပြီး ရေနံ ပီပါ ၇ သိန်းခွဲတင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးကောင်စီရဲ့ သတ်မှတ်ချက်အရ တစ်နှစ်လုံးမှ ပီပါ ၅ သိန်းပဲ တင်ပို့ခွင့်ပြုထားတာဖြစ်ပါတယ်။
တင်သွင်းတဲ့ ရေနံတွေကို သင်္ဘောတစ်စီးကနေ တစ်စီးကို ပင်လယ်ပြင်မှာ တရားမဝင် လက်လွဲခဲ့ကြတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။ အမေရိကန်ရဲ့ ပန်ကြားချက်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေနဲ့ အဆုံးအဖြတ်ပေးဖို့ ၅ ရက်လောက်ကြာမှာဖြစ်ပြီး တရုတ်နဲ့ ရုရှားတို့က ဝင်ရောက်တားဆီးနိုင်ခြေရှိနေပါတယ်။
Luiz Rampelotto / NurPhoto
(လုံခြုံရေးကောင်စီ အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်)
RFA
0 comments:
Post a Comment