Thursday, July 12, 2018

ရာဇသတ်ကြီး ပုဒ်မ ၁၂၄ က ဖြင့် ဆားမင်းဆွေ ( ခ) ငါးမင်းဆွေ ဖမ်းဆီးခံရ


လူမှု့ ကွန်ရက် Facebook တွင် တင်ခဲ့သည့်ပို့ စ်များကြောင့် အကောင့်ဖျက်သိမ်းခံခဲ့ရသည့် ငါးမင်းဆွေမှာ ဆားမင်းဆွေဟူသောအကောင့်ကို ဖွင့်လှစ်အသုံးပြုနေရာမှ ဇူလိုင် ၁၂ တွင် ပုဒ်မ၁၂၄(က)ဖြင့် ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း သိရသည်။

ဆားမင်းဆွေ( ခ) ငါးမင်းဆွေကို နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကာ ကာယကံရှင် ဆားမင်းဆွေ( ခ) ငါးမင်းဆွေက ထိုကဲ့သို့ ဖမ်းဆီးခံရခြင်းကို ၄င်း၏ Facebook စာမျက်နှာမှ အောက်ပါအတိုင်း 
ရေးတင်ခဲ့သည်။

" ကျွန်တော်ငါးမင်းဆွေအား ထောင်ဒဏ်တစ်သက် အပြစ်ပေးနိုင်သော ပုဒ်မ၁၂၄(က)ဖြင့် ရဲတပ်ဖွဲ့က အိမ်တွင်လာရောက် ဖမ်ဆီးပါသည်။
ချစ်လှစွာသော မြန်မာများကို နှုတ်ဆက်ခဲ့ပါသည်။
ငါးမင်းဆွေ
၁၂,၇.၂၀၁၈ " ဟု ဖော်ပြထားသည်။

ဆားမင်းဆွေ( ခ) ငါးမင်းဆွေကို ဖမ်းဆီးခဲ့သည့် ပုဒ်မ ၁၂၄ က ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကို ဆန့် ကျင်ကျူးလွန်သော ရာဇသတ်ကြီး ဥပဒေဖြစ်ပြီး ပုဒ်မ ၁၂၄ -က တွင် ယခုကဲ့သို့  ပြဌာန်းသတ်မှတ်ထားသည်။

၁၂၄-က။ ။မည်သူမဆို၊ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်၎င်း၊ မလေးစားအောင်သော်၎င်းပြုလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ တသက်တကျွန်းဒဏ်ဖြစ်စေ၊ ငွေနှင့်တကွ တသက်တကျွန်းအောက်လျော့သည့် တကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်။










Refး ဆားမင်းဆွေပို့ စ်များနှင့် ရာဇသတ်ကြီးဥပဒေ
The Ladies News




0 comments:

Post a Comment