ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သော ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်၏ အဖွင့်အမှာစကားကြောင့် နိုင်ငံရေး အသိုင်းအ၀ိုင်းကြားတွင် ဝေဖန်မှုများရှိနေပေမယ့် ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကမူ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကမ္ဘာနှင့်ချီပြီး ရင်ဆိုင်နေရသည့် ပြဿနာကို ရခိုင်အမျိုးသားပါတီ (ANP) မှ တင်ပြရမည်ဟု ဆိုသည်။
`ကိုယ့်အချင်းချင်း စစ်ခင်းနေတာ ဒါက တစ်ကဏ္ဍပေါ့၊ ကမ္ဘာနဲ့ချီပြီး ကျွန်တော်တို့ ရင်ဆိုင်ရေတဲ့ပြဿနာ၊ ဒီပြဿနာကို ကျွန်တော်တို့ပါတီကတော့ တင်မှာပဲ၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ ကျွန်တော်တို့ ပြည်နယ်၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့နိုင်ငံအတွက် ဒါအရေးကြီးဆုံး ပြဿနာ ဆိုတာ အကုန်လုံးသိတယ်။ ဒီကိစ္စကို ကျွန်တော်တို့ highlight တင်ပြီး ဆွေးနွေးမှာပဲ ဒါက ပါတီတွေနဲ့ မဆိုင်ပါဘူး၊ ဆိုင်ပါဘူးက တစ်ကဏ္ဍ၊ ကျွန်တော်တို့ရဲ့ ခံစားချက်၊ ကျွန်တော်တို့ရဲ့ တင်ပြချက်က တစ်ကဏ္ဍပေါ့။ ဒီအပေါ်မှာ သဘောတရားဖြင့် လွဲမှားတာလား၊ အပြောအဆို စကားလုံးအားဖြင့် မကြိုက်တာလားပေါ့။ ဒါကတော့ ကာယကံရှင်တွေကပဲ သိပါလိမ့်မယ်` ဟု ဦးဖေသန်းက ပြောကြားသည်။
ငြိမ်းချမ်းရေးညီလာခံ၍ ဒေါ်အေးနုစိန်ပြောကြားခဲ့သည့် အမှာစကားထဲတွင် နိုင်ငံအတွင်း နေကြသည့် လူသား အားလုံးအတွက် ဥပဒေအရ အခွင့်အရေး တန်းတူရှိမှုကို အခြေခံရမှာဖြစ်သလို နိုင်ငံတကာ၏ ဖိအားပေး အဖြေရှာခိုင်းမှုများကိုလည်း အလျှော့မပေမိရန် အထူးလိုအပ်လှသည်ဟု ပါရှိသည်။
ထို့ပြင် ပြည်နယ်နှင့် ပြည်မကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်ခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းများ ကြောင့် ဗမာနှင့် အခြားတိုင်းရင်းသားများကြား ယုံကြည်မှုအားနည်းချက် ဖြစ်လာရသည်ဟု အစိုးရကိုလည်း ဝေဖန်းမှုများ ပြုလုပ်ထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဇွန်လိုင်လ ၁၁ ရက် ရက်စွဲဖြင့် ဒေါ်အေးနုစိန်၏ ပြောကြားချက်သည် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ သဘောထား မဟုတ်ကြောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ သက်ဆိုင်ရာပါတီ၏ သဘောထားကို ပြောကြားခြင်းသာ ဖြစ်ကြောင်း၊ ယင်း၏ ပြောကြားချက်အချို့သည် လက်ရှိကြိုးပမ်း ဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
UPDJC ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးဖေသန်းက `နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ ကိုယ်စားပြောရမယ် ဆိုတာ ကြိုပြီး မပြောခဲ့ဘူး။ ဒီကလည်း ကြိုပြီးရေးတာ ဖတ်လိုက်တာပေါ့။ တကယ်လို့ အဲလိုတာဝန်ပေးမယ် ဆိုရင်လည်းပဲ UPDJC အနေနဲ့ ကြိုပြောရမယ်။ နောက်တစ်ချက်က နိုင်ငံရေးပါတီ အကုန်လုံးရဲ့ ကိုယ်စား၊ အစုအဖွဲ့ရဲ့ ကိုယ်စား ပြောရမယ်ဆိုရင် ဒါက သဘာဝမကျဘူး။ ဘာလို့လဲဆိုတော့ အဲဒီနိုင်ငံရေးပါတီ အစုအဖွဲ့တွေကို တစ်နေရာမှာ စုပြီးတော့ ကြိုတင်ပြီးတော့ စာတမ်းတစ်ခုကို ပြုစုခဲ့ရမယ်။ ANP က ၀င်ဖတ်တဲ့သဘောလောက်ပဲ ရှိရမယ်` ဟု ပြောကြားသည်။
ယင်းစာတမ်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက လိုအပ်၍ တင်ပြခြင်းဖြစ်ပြီး အလွန်အကျွံ မပါကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
အောင်ရဲနောင်
The Ladies News
0 comments:
Post a Comment