ပြည်သူလူထု၏ ထောက်ပြမှု နှင့် အားမလိုအားမရ ညည်းညူသံ အများကြီး ကို ပါတီအနေဖြင့် ကြားနေရ ကြုံနေရပြီး အတိုက်အခံဘ၀မှ အစိုးရဘ၀သို့ ရောက်လာသည့်အချိန်တွင် အဆင်သင့်မဖြစ်သေးကြောင်း အကုန်သိသတင်းဌာနသို့ မုံရွာဦးအောင်ရှင်က ပြောသည်။
၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ NLD ပါတီသည် ဆန္ဒမဲထက်ဝက်ကျော်ဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ အစိုးရတစ်ရပ် ကို ဖွဲ့စည်းနိုင်ခဲ့သည်။
’’မှန်ပါတယ်။ ပြည်သူလူထုက ထောက်ပြတာတွေ အားမလိုအားမရ ညည်းညူတာတွေ ဒါတွေကို ပါတီက အများကြီး ကြားနေရပါတယ်။ဒါပေမယ့် အတိုက်အခံဘ၀ကနေ အစိုးရဘ၀ရောက်လာတော့ တစ်စုံတစ်ရာ အဆင်သင့်မဖြစ်သေးတာတော့ အမှန်ဘဲ။ နောက်အုပ်ချုပ်မှု စွမ်းရည်အတွက် တကယ်ပြည့်တဲ့ ပုဂ္ဂိုလ် ဒါတွေလည်း ကျွန်တော်တို့ ရှာရတာရှိတယ်။ အဲဒီလို ရှာရဖွေရတဲ့အတွက် ကျွန်တော်တို့ခေါင်းဆောင်က အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းစသစ်ကို ချပြီးတော့ ပညာရှင်တွေ ခေါ်ရတယ်။ အရင်တုန်းက အုပ်ချုပ်မှု အပိုင်း တော်တဲ့လူတွေပြန်ခေါ်ရတာရှိတယ်။ ဒါကတစ်ပိုင်းပေါ့။ ဒုတိယပိုင်းကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ကန့်သတ်မှုတွေရှိတယ်” ဟု မုံရွာ ဦးအောင်ရှင် က ပြောသည်။
NLD အစိုးရ လက်ထက်တွင် အရပ်သား ပါတီဝင်မဟုတ်သူ လယ်ယာစိုက်ပျိုးမွေးမြူရေးဝန်ကြီးအဖြစ် ဒေါက်တာအောင်သူနှင့် အားကစားနှင့်ကျန်းမာရေးအတွက် ၀န်ကြီးအဖြစ် ဒေါက်တာမြင့်ထွေးတို့အား ခန့်အပ်ခဲ့ပြီး ယခင် အစိုးရလက်ထက်မှ ဦးသိန်းဆွေ နှင့် လွှတ်တော်ကိုယ်စားလှယ် သူရ ဦးအောင်ကို တို့ကိုလည်း ၀န်ကြီးနေရာများ ပေးအပ်ခဲ့သည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment