Tuesday, October 30, 2018

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တွင် အသုံးပြုရန် ထုတ်ယူလာသောမတ်တူးယာဉ်အတွင်းမှ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ


တောင်ငူကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ အသုံးပြုနိုင်ရန် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန နေပြည်တော် မှ ထုတ်ပေးသည့် တိုယိုတာမတ်တူးယာဉ်အား ပြုပြင်ရန်ဆောင်ရွက်စဉ် နောက်ခန်းဘော်ဒီအတွင်း ဝှက်ထည့်ထားသော ဘိန်းဖြူဆပ်ပြာခွက်များ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝ ကျော်ကို အောက်တိုဘာ ၂၉ ရက် ညနေ ၆ နာရီက ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ သိရသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၂၂ ရက် နေ့စွဲပါစာဖြင့် တောင်ငူတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ အသုံးပြုနိုင်ရန် မော်တော်ယာဉ်များ ထုတ်ပေးမည်ဖြစ် ၍ အောက်တိုဘာ ၂၆ ရက် နံနက် ၁ဝ နာရီခွဲတွင် လာရောက်ထုတ်ယူရန် အကြောင်းကြားလာသဖြင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)မှ ဦးရန်နိုင်စိုး (ဌာနစုမှူး)က သွားရောက်ထုတ်ယူ၍ တက္ကသိုလ်ကားဂိုဒေါင်၌ ထားရှိခဲ့ခြင်း ဖြစ်သည်။

ထုတ်ယူလာသော တိုယိုတာမတ်တူးယာဉ်သည် ထိုင်ခုံများ ရှေ့တိုး နောက်ဆုတ်လုပ်၍မရသဖြင့် အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် တောင်ငူမြို့ အမှတ် ၁၃ ရပ်ကွက် ကျန်းမာရေးလမ်းရှိ ဝါယာရိန်းဆိုင်သို့ သွားရောက်ပြသခဲ့ပြီး ယာဉ်၏နောက်ခန်းအတွင်းဘက် ဘော်ဒီများဖြုတ်ချစဉ် ကာဗာအတွင်းမှ ဘိန်းဖြူဟုယူဆရသည့် နီညိုမှုန့်များ ထည့်ထားသော ဆပ်ပြာခွက် ၂၂ ခွက်၊ ဆွေးမြည့်နေသည့် အိတ်အနက်ရောင် ခုနစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝ ကျော် တွေ့ရှိခဲ့သဖြင့် မော်တော်ယာဉ်အား ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) သို့ ပြန်လည်ယူဆောင်လာခဲ့ပြီး တောင်ငူ မြို့မရဲစခန်းသို့ ပါမောက္ခချုပ် ဒေါက်တာဒေါ်အိအိလှိုင်က ဆက်သွယ် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့တွေ့ရှိမှုနှင့်ပတ်သက်၍ တောင်ငူ မြို့မရဲစခန်းက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။



The Ladies News

0 comments:

Post a Comment