Monday, October 1, 2018

စစ်ပြန်စစ်မှုထမ်းဟောင်းများ၏ တပ်မတော်ထောက်ခံပွဲ မုံရွာတွင်ပြုလုပ်



တပ်မတော်ကိုထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို မုံရွာမြို့တွင် ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။ မုံရွာမြို့ရှိ စစ်ပြန်စစ်မှုထမ်းဟောင်းများစုစည်းပြုလုပ်ကြခြင်းဖြစ်ပြီး လူအင်အား ၁၀၀ ခန့်က ကြွေးကြော်သံများ ရွတ်ဆိုကာ ဗီနိုင်းများကိုင်ဆောင်၍ ထောက်ခံဆန္ဒဖော်ထုတ်ခဲ့သည်။ 
မြန်မာ့တပ်မတော်ကို အပြည့်အ၀ထောက်ခံသည်၊ တပ်မတော်အင်အားချိုးနှိမ်မှုမှတ်သမျှ တို့လုံးဝလက်မခံပါ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်မည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ စသည့် ကြွေးကြော်သံများကို ရွတ်ဆိုကာ ယင်းကြွေးကြော်သံများရေးသားထားသည့် ဗီနိုင်းစများကို ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ 




ဓာတ်ပုံ - အောင်နေမျိုး 
#Popular News Journal

0 comments:

Post a Comment