ကမ္ဘာ့ပထမဆုံး 5G အင်တာနက်ကွန်ရက်စနစ် အသုံးပြုမှုကို တောင်ကိုရီးယားနိုင်ငံတွင် နက်ဖြန်(ဧပြီ ၅) စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ပဉ္စမမျိုးဆက် ကြိုးမဲ့ အင်တာနက်ကွန်ရက် ဆက်သွယ်မှုဖြစ်သည့် အဆိုပါ 5G စနစ်ကို အသုံးပြုသူတို့အနေဖြင့် အင်တာနက်မှ မိမိတို့သိလို ကြည့်လိုသည်တို့ကို အလွန်လျှင်မြန်စွာ သိရှိကြည့်ရှုနိုင်ကြမည်ဖြစ်ပြီး၊ အိမ်သုံးပစ္စည်းများဖြစ်သည့် ပေါင်မုန့်မီးကင်စက်ကဲ့သို့သော အရာမျိုးကိုလည်း မိမိတို့ကိုင်ဆောင်သော ဖုန်းမှ ထိန်းချုပ်နိုင်ကာ၊ လျှပ်စစ်ကားများမှ လျှပ်စစ်ဓာတ်အားလိုင်းများအထိ ထိုသို့ထိန်းချုပ်နိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
5G အင်တာနက်သည် 4G အင်တာနက်ထက် အဆ(၂၀)မျှ ပိုမိုမြန်ဆန်ပြီး ရုပ်ရှင်ဇာတ်ကားများကိုလည်း တစ်စက္ကန့်မျှ မကြာသောအချိန်အတွင်းတွင် ဒေါင်းလုပ်ဆွဲယူနိုင်မည်ဖြစ်သည်။
5G အင်တာနက်ကို တိုင်းပြည်တွင် အသုံးပြုနိုင်လာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၂၀၃၄ ခုနှစ်အရောက်တွင် ကန်ဒေါ်လာ ၅၆၅ဘီလျံမျှအထိ အကျိုးအမြတ်ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း လန်ဒန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဆက်သွယ်ရေးစနစ်အဖွဲ့အစည်း(Global System for Mobile Communications)ကဆိုသည်။
Ref: South Korea to launch world's first national 5G networks
Popular News Journal
0 comments:
Post a Comment