အမြန်လမ်းတွင်တရားမဝင်သစ်ခွဲသားများကို ယမန်နေ့ ညနေပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ညနေ ၄နာရီခွဲခန့်က (၁၁၅)မိုင်Toll gate၌သတင်းအရအမြန်လမ်းမကြီးရဲတပ်ဖြွဲ့ဖူးစခန်းမှတပ်ဖွဲ့ဝင်များမှပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ဖြူးသစ်တောဦးစီးဌာနမှဦးစီးမှူးနှင့်အဖွဲ့မှာလည်းအမြန်လမ်းမိုင်တိုင်(၁၃၀-၁၁၅)အကြားလမ်းတလျောက်တွင်လှည့်ကင်းယာဉ်ဖြင့်နယ်မြေ ရှင်းလင်း၍လည်းကောင်းပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ခဲ့ရာ ညနေ ၅နာရီခွဲခန့်တွင် ရန်ကုန်-နေပြည်တော်အမြန်လမ်းမိုင်တိုင်(၁၁၉/၁-၁၁၉/၂)ကြားလမ်းဘေးတွင်ရပ်ထားသော Nissanအဖြူ ရောင်ယာဉ်တစ်စီးကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာယာဉ်မောင်းမရှိပဲကား Lockပိတ်လျက် ယာဉ်ပေါ်တွင် ပိတောက်ခွဲသားများ(စစ်ဆေးတိုင်းတာဆဲ)ကိုတွေ့ရှိခဲ့သည်။
ထို့နောက်အနီးပတ်ဝန်းကျင်အား ဆက်လက်ရှာဖွေခဲ့ရာ မိုင်တိုင်(၁၁၉/၃-၁၁၉/ ၄)ကြား လမ်းဘေး၌ အနီရောင်ဖောကားတစ်စီးမှာလည်း ယာဉ်မောင်းမရှိပဲ ရပ်တန့်ထားသည်ကိုတွေ့ရှိ၍ စစ်ဆေးခဲ့ရာတွင် တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ(စစ်ဆေးတိုင်းတာဆဲ)အား ထပ်မံတွ့ရှိခဲ့သဖြင့်သက်ဆိုင်ရာသစ်တောဌာနမှဥပဒေနှင့်အညီသိမ်းဆည်းဆောင်ရွက်လျက်ရှိသည်။
ဖူးဖူးအောင်
Photo-အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး
Popular News Journal
0 comments:
Post a Comment