Friday, April 26, 2019

ပီရူးနိုင်ငံတွင် မူးယစ်ဆေးဝါး(၂)တန်ကျော် ဖမ်းဆီးရမိ


ပီရူးနိုင်ငံမှာ အခုလ(၂၄)ရက်နေ့က မူးယစ်ဆေးဝါး(၂)တန်ကျော်ကို ပီရူးအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ပါတယ်။အဲဒီမူးယစ်ဆေးဝါးတွေကို လစ်ဗျားအလံပါတဲ့သင်္ဘောပေါ်ကနေစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို အုတ်ခဲပုံစံထုပ်ပိုးထားပြီး ဖြန့်ဖြူးရောင်းချတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
အုတ်ခဲပုံစံထုပ်ပိုးထားတဲ့မူးယစ်ဆေးဝါး(၁၈၅၁)ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ဆက်လက်ပြောကြားခဲ့ပါတယ်။ သင်္ဘောဟာ ချီလီကနေ ဘယ်လ်ဂျီယံကိုသွားတဲ့ စင်းလုံးငှားခရီးသွားသင်္ဘော တစ်စီးဖြစ်တယ်လို့ ပီရူးအာဏာပိုင်တွေကပြောကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ 

ဘာသာပြန် - သဲဆုအောင် 
One News Myanmar 

0 comments:

Post a Comment