Friday, April 26, 2019

ထောင်ဆူမှု ဖြစ်ခဲ့သည့် ရွှေဘိုထောင်မှ အကျဉ်းသား ၅၀၀ ကျော် ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲပါခဲ့



ဧပြီလ ၂၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်မရသည့် ကိစ္စနှင့် ပါတ်သတ်ပြီ ထောင်ဆူခဲ့သော ရွှေဘို အကျဉ်းထောင်မှ အကျဉ်းသား ၅၀၀ ကျော် မှာ ယနေ့ လွတ်ငြိမ်း ချမ်းသာခွင့်ထဲတွင် ပါဝင်လာသည်ဟု သိရသည်။ 
စစ်ကိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ သွားရောက်ကာ ညှိနှိုင်းပေးခဲ့ရသည်အထိ ဖြစ်ခဲ့သည့် ရွှေဘိုထောင် ဆူမှုမှာ နှစ်ဆန်း ၁ ရက်နေ့က နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် အကျဉ်းသား၊ အကျဉ်းသူ ၉၀၀၀ ကျော်ကိစ္စနှင့် ပတ်သတ်ပြီး မကျေနပ်ရာမှတဆင့် ဆူပူမှုဖြစ်ခဲ့သည်ဟုဆိုခဲ့သော ထောင်ဖြစ်သည်။ 
တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက ‘’၀န်ကြီးချုပ်ကြီး အခု ရွှေဘိုထောင်ကို သွားနေပါပြီ။ လွတ်ငြိမ်းရသူတွေကို အားပေးစကား၊ ဆုံးမစကား ပြောမလို့ပါ။ ၅၀၀ ကျော် လွတ်ပါတယ်။ ၁၅၊ ၁၆ အမှုတွေ အများဆုံးပါဝင်ပါတယ် ‘’ ဟုပြောသည်။ 
၁၅၊ ၁၆ သည် မူးယစ်ဆေးဝါးအမှုနှင့် ထောင်ကျနေသည့် ပုဒ်မများဖြစ်သည်။ 
၁၀ ရက်အတွင်း အကျဉ်းသား ၁ သောင်းခွဲကျော်ကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်သည်။ 
ဆက်လက်၍ စီစစ်ကာ လွှတ်သင့်၊ လွှတ်ထိုက်သူတို့ကို လွှတ်ပေးမည်ဟု ကြေညာချက်ထဲ ဖော်ပြထားသည်ကိုလည်းတွေ့ရသည်။ 


NW(iseemedia) 
Isee Media 


0 comments:

Post a Comment