ကရင်ဥပဒေပညာရှင်များအဖွဲ့ အနေဖြင့် ကရင်လူထုနှင့် နိုင်ငံသားများအားလုံး တရားဥပဒေ စိုးမိုးရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်ရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးသည် ကရင်ဥပဒေပညာရှင်များအဖွဲ့မှ တာဝန်ရှိသူများအား ဧပြီ ၃ ရက် ကတွေ့ဆုံမှုအပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် ယင်းသို့ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းအဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များမှာ ကရင်လူထုနှင့် နိုင်ငံသားများအားလုံး တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေပညာပေးခြင်း၊ အကြံပေးခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်ပေးခြင်း၊ အမှုအခင်းများနှင့် ပတ်သက်၍ စီစစ်ရွေးချယ်လက်ခံပြီး လိုက်ပါဆောင်ရွက်ပေးခြင်း၊ ဥပဒေဘွဲ့ရ ကရင်လူငယ်များ အလုပ်သင်ရှေ့နေဆင်းလိုသော သူများအား ပူးတွဲပါဝင် လက်တွဲခေါ်ယူခြင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ ကိစ္စများအား ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင်ဖော်ပြထားသည်။
အဆိုပါ ကရင်ဥပဒေပညာရှင်များအဖွဲ့သည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူအခွင့်အရေးများ အကျိုးပြုဆောင်ရွက်ရန်၊ ကရင်လူထုနှင့် နိုင်ငံသားများအားလုံး ဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် အကြံပေးရန်၊ ဥပဒေရေးရာနှင့် ပတ်သက်၍ ကရင်လူထုနှင့် နိုင်ငံသားများ အားလုံးအတွက် ရပ်တည်ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသားများ၏ ဥပဒေနှင့်အညီ အခွင့်အရေးများ ရရှိစေရန်နှင့် ကာကွယ်စောင့်ရှောက်ရန်တို့ကို ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။
The Ladies News
0 comments:
Post a Comment