Friday, April 26, 2019

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပွဲ နတ်မောက်မြို့ တွင် ကျင်းပပြုလုပ်





၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လူထုလက်မှတ်ကောက်ခံပွဲအား မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် ဧပြီ ၂၆ ရက်တွင် ကျင်းပပြုလုပ်သည်။ 



“ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့အတွက် ကျွန်တော်တို့တင်မြောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ဆွေးနွေးနေကြတယ်။ တင်ပြနေကြတယ်။ 


ဒါကို ကျွန်တော်တို့ပြည်သူက ထောက်ခံတယ်ဆိုတာကို တနိုင်ငံလုံးကပြသတယ်။ ဘာကြောင့်ပြသရသလဲဆိုတော့ ကျွန်တော်ရောက်ခဲ့တဲ့မြို့တမြို့၊ ရမည်းသင်းမြို့ ၊ ပျော်ဘွယ်မြို့ အဲဒီပျော်ဘွယ်က မျက်စိမှုန်ဝါးဝါးဖြစ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်က Sticker ကမ်ပိန်းလေးလုပ်နေတဲ့ လူတစုလောက်က ပြင်ချင်တာပါတဲ့။ အခုဒီလူအုပ်ကြီးမြင်ရင်တော့ အဲဒီလူ သေလောက်မယ်ထင်တယ်။ 

အဲဒီလိုလူတွေလည်း ကျွန်တော်တို့တိုင်းပြည်မှာများတယ်။ ကျွန်တော်တို့ တိုင်းပြည်က ဂျင်းနိုင်ငံတော် ဖြစ်နေတယ်။ ဒါကြောင့် အိမ်မှာဟင်းချက်ရင်တောင် မိန်းမဂျင်းမထည့်နဲ့ကွာ ကြက်သွန်ဖြူပဲထည့်လို့ ကျွန်တော်တို့တိုင်းပြည်က လူလိမ်တွေပေါတယ်။ လူယုတ်မာတွေပေါတယ်”ဟု အခြေခံဥပဒေပြင်ဆင်ရေးပွဲတွင် ဆရာရန်ငြိမ်းသူက ပြောကြားသည်။ 


အဆိုပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပွဲသို့ လူအင်အား(၂၀၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။ 




ဒီလှိုင်း(ချောက်)

News Watch 


0 comments:

Post a Comment