Friday, April 26, 2019

ကျောက်ဖြူ ထွေအုပ်ဝင်း ၀န်ထမ်းအိမ်ရာအနီး ဗုံးတွေ့


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ထွေအုပ်ရုံးဝင်းထဲ ၀န်ထမ်း အိမ်ရာအနီးတွင် ယနေ့ နံနက်က ဗုံးတစ်လုံး တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။ 
ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဗုံးတစ်လုံးတွေ့ရှိခြင်းမှာ ဟုတ်မှန်သော်လည်း စစ်ဆေးနေတုန်းဖြစ်ကြောင်း ပြောကြားသည်။ 
“ လောလောဆယ် စစ်ဆေးဖို့ လုပ်နေတုန်းဖြစ်ပါတယ်။ လက်လုပ်ဗုံးလား၊ ဘယ်လို ဗုံးအမျိုးအစားလဲ ဆိုတာက စစ်ဆေးပြီးမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ မစစ်ဆေးရသေးတဲ့ အခါ ပြောလို့ မရဘူး။ အထောက်အထားမရှိတော့ ပြောလို့ မရသေးဘူး။အခု သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးဖို့ လာနေပါတယ်” ဟု ပြောကြားသည်။ 
၎င်းဗုံးကို ထွေအုပ် ရုံးဝင်းထဲ ၀န်ထမ်းအိမ်ရာ အနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မလိုလားအပ်သော ပြသနာ မဖြစ်ရအောင် အကာအကွယ်များ လုပ်ထားကြောင်း ပြောဆိုသည်။ 
ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ကျောက်ဖြူ ထွေအုပ်ရုံးထဲတွင် အမှိုက်ပုံ မီးရှို့ရာမှ မိုင်းဗုံး တစ်လုံး ပေါက်ကွဲပြီး ၀န်ထမ်း ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။ 

Narinjara 

0 comments:

Post a Comment