Sunday, April 28, 2019

ဟောင်ကောင်မှာ အမျိုးသမီးခေါင်းဆောင် ချာရီလမ် နုတ်ထွက်ဖို့ ဆန္ဒပြ


တနင်္ဂနွေနေ့က ဟောင်ကောင်မှာ ပြစ်မှုကျုးလွန်သူကို မူလတိုင်းပြည်ပြန်ပို့တဲ့ ဥပဒေပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ 
ဒီဥပဒေပြင်ဆင်ချက်ဟာ ဟောင်ကောင်မှာ ရာဇ၀တ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံရသူတွေကို တရုတ်ပြည်မကို ပို့မယ်ဆိုရင် အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ မတော်မတရား စီရင်ခံရမှာဖြစ်ပြီး၊ ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ထိခိုက်သွားလိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ 
ဒီဥပဒေ ပြင်ဆင်ချက်ဟာ ဟောင်ကောင်ရဲ့ လွပ်လပ်တဲ့ တရားရေးစနစ်ကို ထိခိုက်သွားစေတယ်လို့ အများက ယူဆကြကြောင်း AP သတင်းက ဖော်ပြပါတယ်။ 
ဆန္ဒပြသူ အရေအတွက် သုံးသောင်းလောက်ရှိပြီး၊ အများစုဟာ ၂၀၁၄ ခုနှစ်က ဒီမိုကရေစီတောင်းဆိုတဲ့ ထီးလှုပ်ရှားမှုကို ပြန်လည်ဖော်ဆောင်တဲ့အနေနဲ့ အ၀ါရောင်ထီးတွေ ကိုင်ဆောင်ပြီး၊ လက်ရှိ ဟောင်ကောင်ရဲ့ အမျိုးသမီးခေါင်းဆောင် ချာရီလမ် နုတ်ထွက်ဖို့ ဆန္ဒပြခဲ့ကြတာပါ။ 

Photo: Anthony WALLACE / AFP
RFA

0 comments:

Post a Comment