Sunday, April 28, 2019

အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲရေတွက်သူဝန်ထမ်း သုံးရာနီးပါး သေဆုံး


ဧပြီလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲမှာ မဲရုံဝန်ထမ်းတွေ ပင်ပန်းလွန်းအားကြီးတဲ့အတွက် ကျန်းမာရေးထိခိုက်ပြီး သေဆုံးသွားသူတွေ သုံးရာနီးပါးရှိနေပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားမှာ မဲပေးခွင့်ရှိသူ ၁၉၃ သန်းရဲ့ ၈၀ ရာနှုန်းက မဲရုံပေါင်း ၈ သိန်းမှာ မဲပေးခဲ့ကြတာပါ။ သန်းနဲ့ချီတဲ့ မဲတွေရေတွက်ကြရာမှာ မဲရုံဝန်ထမ်းတွေအပြင် ပြည်သူ ၇ သန်းကလည်း စေတနာ့ ၀န်ထမ်းတွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။ 
ရာသီဥတု ပူပြင်းနေစဉ်အတွင်း နာရီပေါင်းများစွာ မရပ်မနားမဲတွေရေတွက်နေကြရာမှာ အပင်ပန်းလွန်ပြီး ကျန်းမာရေးထိခိုက်သူပေါင်း နှစ်ထောင်နီးပါးရှိနေပြီး၊ အခုထိ သေဆုံးသူ ၂၇၀ ကျော်ပြီလို့သိရပြီး အများစုဟာ စေတနာ့ဝန်ထမ်းတွေဖြစ်ပါတယ်။ 
သေဆုံးသူတွေအတွက် လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ နှစ်ထောင့်ငါးရာလောက်နဲ့ညီတဲ့ ရူပီး ၃၆ သန်း ပေးမယ်လို့ သိရပါတယ်။ 
အခုလို မဲရေတွက်သူတွေ သေဆုံးရတဲ့အပေါ် ပြစ်တင်ဝေဖန်သံတွေလည်း မြင့်တက်နေပါတယ်။ 
  
မဲရလဒ်ကို မေလ ၂၂ ရက်နေ့ ကြေညာမယ်လို့ သိရပါတယ်။ 
Photo: Demy Sanjaya / AFP
RFA

0 comments:

Post a Comment