Sunday, April 28, 2019

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီအားအလွန်ကောင်းလာနိုင်


ဧပြီ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတိုင်းတာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီသည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့၏ အရှေ့-အရှေ့ တောင်ဘက် မိုင် ၃၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် ၅၃၅မိုင်ခန့်၊ မာချီလီပတ္တနမ်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၆၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ 
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။ 
ဆိုင်ကလုန်းမုန်တိုင်းဖန်နီ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အ၀ါရောင်အဆင့်ဟု သတ်မှတ်သည်။ 
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် နောက် ခြောက်နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်းတိုင်းဖန်နီအဖြစ်သို့လည်းကောင်း၊ နောက်၃၆ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖန်နီအဖြစ်သို့လည်းကောင်း ရောက်ရှိ 
နိုင်သည်ဟု ခန့်မှန်းရသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး နောက် ၇၂ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာရွေ့လျားမည်ဟု ခန့်မှန်းရသည်။

The Standard Time Daily 

0 comments:

Post a Comment