ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ ဝိဇ္ဇာ ၊ သိပ္ပံ တက္ကသိုလ်များတွင် တက်ရောက်နေသည့် ကျောင်းသူ ကျောင်းသားများ ၂၀၁၉ ခုနှစ် ဒုတိယ ပညာသင်ကာလမှ စတင်ပြီး တူညီ ဝတ်စုံဝတ်ဆင်ရမည်ဟု သတင်းများ ထွက်ပေါ်နေမှုကို ပညာရေးဝန်ကြီးဌာနမှ မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆိုလိုက်သည်။
ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များတွင် လာမည့် ဒုတိယနှစ်ဝက်မှ စတင်ကာ တူညီဝတ်စုံများဝတ်ဆင်ပြီး ကျောင်းတက်မည်ဟု လူမှုကွန် ရက်တွင် ပျံနှံခဲ့ပြီး အဆိုပါ သတင်းနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာအောင်အောင်မင်းက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
“ မဟုတ်ပါဘူးဗျ။ ကျွန်တော်တို့တော့ ခုချိန်ထိ ညွှန်ကြားချက် မရှိပါဘူး။ ခုချိန်ထိ ဘာမှ မပြောသေးပါဘူး” ဟု ဒေါက်တာ အောင်အောင်မင်းက ပြောသည်။
အဆိုပါသတင်းမှာ အမှန်တကယ်ဟုတ်မှန်ခြင်းမရှိဘဲ လူမှုကွန်ရက်တွင် ဖွသည့်သတင်းသာဖြစ်ကြောင်း ၎င်း ကပြောသည်။
JICA ၏ အကူအညီဖြင့် တူညီဝတ်စုံများကို ဝိဇ္ဇာ ကျောင်းသားများမှာ အကျီ င်္အဖြူ နှင့် ပုဆိုး နီညိုရောင် ၊ သိပ္ပံကျောင်းသားများ မှအကျီ င်္အဖြူ နှင့် ပုဆိုး အပြာရောင်ကို လည်းကောင်း ၊ ဝိဇ္ဇာ ကျောင်းသူများအတွက် အဖြူရောင် ရင်စေ့အကျီ င်္နှင့် ထဘီ နီညို ရောင် ၊ သိပ္ပံကျောင်းသူများအတွက် အဖြူရောင် ရင်စေ့အကျီ င်္နှင့် ထဘီအပြာနုရောင်တို့ကို ဝတ်ဆင်ရမည်ဟု သတင်းများ ပျံနှံ့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်ပေါင်း ၁၆၄ ကျောင်းရှိပြီး တစ်နှစ်လျှင် တက်ရောက်သည့် ကျောင်းသား ကျောင်းသူ နှစ်သိန်းကျော်ရှိကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)
0 comments:
Post a Comment