Wednesday, April 3, 2019

ရမ်းဗြဲ သင်းပန်းချိန်ဘုန်းတော်ကြီးပျံပွဲတွင် ပျော်ရွှင်ပွဲအဖြစ် ထည့်သွင်းသည့် အရုပ်ကျွဲခတ်ပွဲတွင် ကျွဲနာမည် ကို “အမတ်နှင့်ဝန်ကြီး” ဟုပေးရာမှ ကျွဲတိုက်သူကို ရဲက အရေးယူ


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သင်းပန်းချိန် ကျေးရွာ ဘုန်းတော်ကြီးဈာပနတွင် ပျော်ပွဲ ရွှင်ပွဲ အဖြစ် အရုပ်ကျွဲခတ်ပွဲကို ထည့်သွင်းကျင်းပရာ ကျွဲနှစ်ကောင်၏ နာမည်ကို တစ်ကောင်ကို ‘၀န်ကြီး’ နှင့် နောက်တစ်ကောင်ကို ‘အမတ်’ ဟု အမည်ပေးရာမှာ ကျွဲတိုက်ပွဲပြုလုပ်သူများကို ရဲက အကျယ်ချုပ်ဖြင့် ထိန်းသိမ်း အရေးယူထားကြောင်း သတင်းရရှိသည်။ 
သင်းပန်းချိန်ကျေးရွာမှ ကိုသန်းတင်အောင်က “ အချုပ်ထဲမှာ ဖမ်းဆီးထားတာတော့ မဟုတ်ပါဘူး။ ရဲကနေ ကျွဲတိုက်ပွဲ ဦးဆောင်လုပ်သူတွေကို ရမ်းဗြဲမြို့ကို ခေါ်ယူထားတာပါ။ အပြင်မှာထားတယ်။ အကျယ်ချုပ်သဘောပေါ့။ အမှုဖွင့် တရားစွဲမလားဆိုတာကို ဒီနေ့ သိရပါတယ်” ဟု ပြောသည်။ 

၎င်းအရုပ်ကျွဲကို ပြုလုပ်သူ ကျွဲဆရာမှာ သင်းပန်းချိန် ကျေးရွာအနီးရှိ မကျည်းကုန်းကျေးရွာမှ ဦးဖြူလုံးနှင့် အတူ နောက်ထပ် ကျေးရွာသား ၆ ဦးတို့ ဖြစ်ကြောင်း သိရသည်။ 

သင်းပန်းချိန်ဘုန်းတော်ကြီး ဈာပနပွဲတော်ကို ဧပြီ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့ပြီး အဆိုပါ ပွဲတော်တွင် အရုပ်ကျွဲခတ်ပွဲကို ထည့်သွင်းကျင်းပခဲ့သည်။ 

ဦးဖြူလုံးနှင့် ကျေးရွာသား ၆ ဦးတို့မှာ ယခု ရမ်းဗြဲမြို့ပေါ်တွင် ရဲတပ်ဖွဲ့၏ အဆုံးအဖြတ်ကို ခံယူရန်ရှိနေကြသည်ဟု သိရသည်။

Narinjara 

0 comments:

Post a Comment