Sunday, April 28, 2019

တောင်ကြီးမြို့ပေါ်တွင် လေးလောင်းပြိုင်လူသတ်မှု ၂ နှစ် အတွင်း ဒုတိယတကြိမ် ထမံဖြစ်ပွား


လသားအရွယ်ကလေးတစ်ဦးပါ အသတ်ခံရသည့် တောင်ကြီးမြို့.ကံသာရပ်ကွက်တွင် ၄ လောင်းပြိုင် လူသတ်မှု ရဲတပ်ဖွဲ့ အပူတပြင်းစုံစမ်းလျက်ရှိကြောင်းတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။ 
“အဖွဲ့စုံဖွဲ့ပြီး စုံစမ်းနေပါတယ်၊တရားခံကို အမြန်ဆုံးဖမ်းမိအောင်ဆေင်ရွက်နေပါတယ် ၊ခရိုင်မြို့နယ်၊နယ်မြေခံတွေအစုံနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ 
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၁၁၈)ရှိ နေအိမ် (မြင်းဖြူ နှစ်ကောင်ဆေးတိုက်)တွင် ဧပြီလ၂၈ ရက်က ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 
အဆိုပါ နေအိမ် (မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်)သို့ အလုပ်လုပ်ရန်လာရောက်သူ မနန်းပြည့်ပြည့် သည် ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်းက အလုပ်ဝင်ရန် ရောက်ရှိလာစဉ် နေအိမ်အောက်ထပ်၌ အမျိုးသား ၁ ဦး သွေးများဖြင့် သေဆုံးနေကြောင်းတွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ရာ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်ဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် အခင်းဖြစ် နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း၊ စိုင်းဆေမွန်း(၂၇)နှစ်၊ နန်းခမ်းလှိုင် (၂၃)နှစ်၊ မောင်ဖဖ(၇)လနှင့် မအေးမိုး (၁၇)နှစ်တို့ ကို ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကာ တောင်ကြီးမြို့မရဲစခန်းတွင် လူသတ်မှုပုဒ်မ ၃၀၂၊ လုယက်မှု ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။ 
အခင်းဖြစ်ချိန်က နေအိမ်တွင် အသတ်ခံရသူလေးဦးသာရှိ ပြီးကျန်သူများမှာ ပင်လုံမြို့သို့ အလှူသွားရောက်နေကြောင်း ၊အိမ်အတွင်းရှိ လက်ဝတ်ရတနာ နှင့် ငွေသား စုစုပေါင်း ကာလတန်ဖိုး သိန်း ၁၀၀၀နီးပါး ကို သတ်ဖြတ်သူများက ယူဆောင်သွားပြီး အမှုဖြစ်ပွားချိန်မှာ ညပိုင်းဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဩဂုတ် ၂၀ ရက်၊ ညပိုင်းကလည်း တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်း တောင်ကြီးဆေးတက္ကသိုလ်အ နောက်ဘက်ရှိ ဆောက်လုပ်ရေး အင် ဂျင်နီယာတပ်ဆွယ်၊ လိုင်းခန်း အ တွင်း ဒုအရာခံဗိုလ်၊တပ်ကြပ်ကြီး၊ အမျိုးသမီးတစ်ဦး နှင့် မိန်းကလေး ငယ် တစ်ဦးတို့ အသတ်ခံရသည့် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား ခဲ့သေးသည်။ 



NW(iseemedia) 
ဓါတ်ပုံ-ရဲတပ်ဖွဲ့

0 comments:

Post a Comment