Saturday, April 27, 2019

ပလပ်ခုံအပူလွန်ကဲရာကနေစလောင်တဲ့မီး အိမ်ခြေ ၄၀ကျော်လောင်ကျွမ်း


မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ ဒီနေ့မနက် ၈နာရီခန့်က နေအိမ်တစ်အိမ်ကနေမီးစလောင်ခဲ့ရာ အိမ်ခြေလေးဆယ်ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ 
မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်အမှတ် ၈၅၃ မှာရှိတဲ့ပေ၂၀×၃၀ မြေစိုက်ထရံကာ(၂)ထပ် နေအိမ်တစ်အိမ်အတွင်း ထမင်းပေါင်းအိုး နဲ့ အိုးအနီ သွယ်တန်းထားတဲ့ ပလပ်ခုံအပူလွန်ကဲရာကနေ စတင်လောင်ကျွမ်းခဲ့တာလို့ မီးသတ်ဦးစီးဌာနက ကနဦးသတင်းထုတ်ပြန်ထားပြီး အဆိုပါမီးလောင်မှုမှာ နေအိမ် ၄၃ လုံး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃ဦး(မစိုးရိမ်ရ)ရှိခဲ့ကြောင်း၊ မီးလောင်မှုကိုမီးငြိမ်းသတ်ယာဉ် ၈၀၊ ရေသယ်ယာဉ် ၁၀ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦး အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ဦး စုစုပေါင်းအင်အား ၄၀၀ ဦးနဲ့ နာရီဝက်ကျော်ကြာမီးငြှိမ်းသတ်ခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။ 







စောထွေး
Popular News Journal 

0 comments:

Post a Comment