Saturday, April 27, 2019

တရုတ် BRI ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောခဲ့လဲ



မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံပေါင်း ၃၇ ခုမှ ခေါင်းဆောင်များနှင့်အတူ တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် ဧပြီလ ၂၆ ရက်နေ့ ကျင်းပခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ BRI အပြည်ပြည်ဆိုင်ရာ ဖိုရမ်တွင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး သူ၏ ပြောကြားချက်များမှ ထင်သာမြင်သာရှိသည်များကို ပြန်လည်ကောက်နုတ်တင်ပြအပ်ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ 
၁- ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် ကမ္ဘာ့အရှေ့နှင့် အနောက်အကြား ချိတ်ဆက် မှုနှင့် ကုန်သွယ်ရေးတံခါးပေါက်များကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့် ရှေးဟောင်းပိုးလမ်းမ စီမံကိန်းကို ပြန်လည်ဆန်းသစ်သည့် စီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် တရုတ်သမ္မတရှီကျင့်ပင်ကို ချီးကျူးဂုဏ်ပြုသည်။ 
၂- စီးပွားရေးအရသာမက လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်သိမှုကို အခြေခံပြီး စီမံကိန်းများ၏ ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး အရေးကြီး ဆုံးအချက်သည် ဒေသခံပြည်သူများ၏ ယုံကြည်ထောက်ခံမှုကို ရရှိရန်လိုအပ်သည်။ 
၃- BRI တွင် ပါဝင်သည့် နိုင်ငံများ၏ ပြည်သူများကို ယုံကြည်အောင် ဆောင်ရွက်နိုင်မှသာ စီမံကိန်းရည်မှန်းချက်များ အောင်မြင်နိုင်မည်။ 
၎- မြန်မာအစိုးရအနေဖြင့် အမျိုးသားစီမံကိန်းနှင့် ဦးစားပေးသည့်ကိစ္စရပ်များနှင့် အညီ ရွေးချယ်ထားသော BRI စီမံကိန်းများသည် ပြည်တွင်းဆက်သွယ် ချိတ်ဆက်မှုကို မြှင့်တင်နိုင်ရုံသာမကဘဲ နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မှုကိုပါ တိုးမြှင့် ပေးသွားနိုင်မည်ဟု ယုံကြည်သည်။ 
၅- BRI မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု လိုအပ်ကြောင်း အလေးအနက်ပြောလိုသည်။ 

ဓာတ်ပုံ- တရုတ်သမ္မတနှင့် ဇနီးတို့နှင့်အတူ တွေ့ရသည့် မြန်မာအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ 
Khit Thit Media 


0 comments:

Post a Comment