Thursday, April 25, 2019

ယူကရိန်းအရှေ့ ပိုင်းသားတွေကို ရုရှားပတ်စ်ပို့ ထုတ်ပေးဖို့ စီစဉ်လာတဲ့ အပေါ် ရွေးကောက်ခံသမ္မတ ဝေဖန်ရှုတ်ချ


ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ ပိုင်းနေ ဒေသခံတွေ ရုရှားပတ်စ်ပို့ ရရှိရေးအတွက် လွယ်ကူရိုးရှင်းတဲ့ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်ပေးဖို့  အမိန့် ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ဧပြီ ၂၄ ရက်နေ့ မှာ လက်မှတ်ထိုးလိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ရုရှားအပေါ် နိုင်ငံတကာက ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ထပ်တိုးချမှတ်ဖို့  ယူကရိန်းအစိုးရက တောင်းဆိုခဲ့ပါတယ်။ 
  
၂၀၁၅ ခုနှစ်က အမျိုးသား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သော်ငြား ယူကရိန်း စစ်တပ်နဲ့ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးတပ်တွေအကြား ၅ နှစ်ကြာ တိုက်ပွဲတွေဖြစ်ခဲ့မှုအတွင်း သေဆုံးသူဦးရေ ၁၃၀၀၀ ရှိခဲ့ပါတယ်။ 
ရုရှားအစိုးရရဲ့  ယခုခြေလှမ်းဟာ တနင်္ဂနွေနေ့ က ယူကရိန်း သမ္မတ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရထားတဲ့ ရွေးကောက်ခံ သမ္မတ ဗလော့ဒီမာရ် ဇယ်လင်စကီအတွက် ဗွေဆော်ဦး နိုင်ငံရေးစမ်းသပ်ချက်ဖြစ်ခဲ့ပါတယ်။ ရုရှားအရှေ့ ပိုင်း ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့  အဖြေရှာသွားမယ်လို့  ရွေးကောက်ခံသမ္မတက ကတိပြုထားခဲ့တာပါ။ 

ပူတင်ရဲ့ယခုလုပ်ရပ်ဟာ ယူကရိန်းမှာ ရုရှားက ဆက်လက် စစ်ဆင်နွှဲနေတာကို ပြသနေကာ နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဝေးကွာမှုကို ဖြစ်စေကြောင်း ဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့  ရုရှားအပေါ် ပိတ်ဆို့ မှုတွေ ထပ်မံလုပ်ကြဖို့  နိုင်ငံတကာအသိုင်းအ၀ိုင်းကို ၄င်းက တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရာထူးက ထွက်ပေးရတော့မယ့် သမ္မတ ပက်ထရို ပိုရိုရှန်ကိုကလည်း ရုရှားဟာ ယူကရိန်းအရှေ့ ပိုင်းက ဒွန်ဘတ်စ်ဒေသကို ၄င်းတို့ ပိုင်နက်အတွင်း သိမ်းယူဖို့  ကြိုးစား နေကြောင်း ဆိုခဲ့ပါတယ်။ 
ရုရှားရဲ့  လုပ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ကလည်း ဝေဖန်ခဲ့ပါတယ်။ ရုရှားဟာ ဒီလို ရန်စတဲ့ လုပ်ရပ်တွေကနေ ယူကရိန်းရဲ့  အချုပ်အခြာအာဏာနဲ့ ပိုင်နက်အပေါ် အပြင်းအထန် ထိုးနှက်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

ကိုလင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment