Saturday, April 27, 2019

မကြာမီ လွတ်ငြိမ်းသက်သာခွင့် တတိယအသုတ်အဖြစ် အကျဉ်းသား ၆၀ဝ၀ ကျော် ထပ်မံလွှတ်ပေးမည် အကျဉ်းသား ၆၉၀ဝ ကျော်ကို လွတ်ငြိမ်းခွင့်ထပ်ပေး၊ မူးယစ်မှုအများဆုံးပါဝင်၊ ယခုအကြိမ်တွင် အင်းစိန်ထောင်မှ မပါဝင်သေး


မြန်မာနှစ် သစ်ကူးအခါသမယ အထိမ်းအ မှတ် နိုင်ငံတော်သမ္မတ၏ အမိန့် ဖြင့် အကျဉ်းသား ၆၉၀ဝ ကျော် ကို လွတ်ငြိမ်းသက်သာခွင့်ထပ်မံ ပေးခဲ့ရာ မူးယစ်မှုအများဆုံးပါဝင် ကြောင်း၊ ယခုအကြိမ်တွင် အင်း စိန်ထောင်မှ အကျဉ်းသားများ မပါဝင်သေးကြောင်း သိရသည်။ 
နိုင်ငံတော်သမ္မတရုံး၏ အ မိန့်အမှတ် (၁၅/၂၀၁၉)ကိုဧပြီ ၂၆ ရက်စွဲဖြင့် မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေ ရေးနှင့်လူသားချင်းစာနာထောက် ထားမှုကိုအလေးထားသောအား ဖြင့်လည်းကောင်း၊ 
အကျဉ်းထောင်/ စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြ ရသော နိုင်ငံသားအကျဉ်းသား/ သူ ၆၉၄၈ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ- ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း သတင်းထုတ် ပြန်လိုက်သည်။ 
နိုင်ငံတော်သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက""မူးယစ်ဆေး ဥပဒေကပြင်လိုက်ပြီ။ အရင်တုန်း က ဥပမာ- မူးယစ်ဆေးဝါးအပြား ၃၀ ပေါ့နော်။ အဲဒီအောက်ကိုပေါ့ နော်။ ၁၀ ပြားတို့၊ ၁၂ ပြားတို့ အဲ့ဒီလိုမိတဲ့လူတွေလည်း ပမာဏ နဲ့မတန်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်။ နောက်တစ်ခုကပြင် လိုက်တဲ့ မူးယစ်ဥပဒေအရဆိုရင် မူးယစ်ဆေးဝါးသုံးစွဲသူတွေက သားကောင်တွေ ဖြစ်တယ်။ 
သား ကောင်တွေကို နောက်ပိုင်းဥပဒေ ပြင်ဆင်ချက်အရဆိုရင် ပြစ်ဒဏ် မချရဘူး။ သူတို့ကို ပြန်ပြီးထူထောင် နိုင်ဖို့ဆိုတာကို အဓိကထားပြီး အသားပေးတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းနဲ့ပြန်ပြီးတော့ ပေါင်းစည်းနိုင်မယ့်ဟာကို ပြန် လည်ထူထောင်ဖို့ ကျွန်တော်တို့ အလေးထားပြီး ဥပဒေပြင်လိုက် တယ်။ သို့သော် ဒီဥပဒေမပြင်ခင် က ဥပဒေအဟောင်းပေါ့နော်။ ရှိ ခဲ့တဲ့ ပုဒ်မအဟောင်းတွေနဲ့ ချမှတ် ထားတဲ့ လူငယ်တွေအများကြီးရှိ တယ်ပေါ့။ အဲ့ဒီအများကြီးကို ကျွန်တော်တို့က ပြန်ကြည့်ပါ တယ်။ အကယ်၍ ကျွန်တော်တို့ က လက်ဝယ်ကိုင်ဆောင်တဲ့ဟာ ကလည်းပမာဏက ဘယ်လောက် များလဲပေါ့နော်။ အဲ့ဒီအများကြီး ပမာဏနဲ့လူတွေဆိုရင် ကျွန်တော် တို့ ပြန်မလွှတ်ဘူး။ 
အဲ့ဒီတော့ သူ့ ပမာဏနည်းနည်းလေးနဲ့ဖြစ်တယ်။ နောက်ပြီးသုံးစွဲတဲ့ဟာတွေ အဲ့ဒါ က ကျွန်တော်တို့တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေမှာဒီအမှုတွေကတော်တော်များတယ်။ များတဲ့အတွက် သမ္မတကြီးကစိစစ် ပြီး လွှတ်ပေးတာဖြစ်တယ်""ဟု ရှင်းလင်းပြောကြားခဲ့သည်။ 
ကျန်အကျဉ်သား/သူများ ထဲမှ လွှတ်သင့်လွှတ်ထိုက်သူများ ကိုလည်း စနစ်တကျစိစစ်လျက် ရှိပြီး လွတ်ငြိမ်းသက်သာခွင့်ဆက် လက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ 
ကချင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်မကွေး တိုင်းဒေသကြီးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းကျနေသူများ ကို လွတ်ပေးခဲ့ကြောင်း၊ အများစု မှာမူးယစ်မှုအကျဉ်းသားများဖြစ် ကြောင်း အကျဉ်းဦးစီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြား ရေးမှူးဦးမင်းထွန်းစိုးက ပြောသည်။ 
""ဒီနေ့ ပြန်လွှတ်လိုက်တာ လောလောဆယ်သိတာက မူးယစ် ပုဒ်မအကျဉ်းသားတွေများတယ် လို့သိရတယ်။ မူးယစ်ပုဒ်မ ၁၅ နဲ့ ၁၆ တို့အကုန်ပါတယ်""ဟု ၄င်း က ဒီမိုကရေစီတူဒေး၏ မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။ 
မကြာမီ တတိယအကြိမ်လွတ် ငြိမ်းသက်သာခွင့်ထပ်ပေးမည်ဖြစ် ပြီး အကျဉ်းသား/သူ ၆၀ဝ၀ ကျော် ပါဝင်မည်ဟု ခန့်မှန်းရကြောင်း ゞင်းက ဆက်လက်ပြောသည်။ 
""သိပ်မကြာဘူး။ ထပ်စစ်နေ တယ်။ ကျန်တဲ့တိုင်း/ပြည်နယ် ခုနစ်ခုလာမယ်။ သူ့အောက်မှာရှိ တဲ့ ထောင်အားလုံးပေါ့။ နောက် လာမှာလည်း အဲဒီလောက်ပဲလို့ခန့် မှန်းရတယ်""ဟု ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းထွန်းစိုးက ပြော သည်။ 
ယခုပေးသည့် လွတ်ငြိမ်းသက် သာခွင့်တွင် သေဒဏ်ကျအကျဉ်း သားတစ်ဦးမှ မပါကြောင်း ၄င်းက ပြောသည်။ 
""သေဒဏ်အကျဉ်းသားတွေ ကတော့ သူတို့ပေးရင်တော့ ခံစား ခွင့်ရှိတာပေါ့။ ဒါနိုင်ငံတော်သမ္မတ ပဲ ပေးနိုင်တာ။ သူတို့ပေးရင်တော့ ရမှာပေါ့။ လောလောဆယ်က တော့ ဘာမှတော့ မလာသေးဘူး""ဟု ၄င်းကဆက်လက်ပြောသည်။ 
ယခုတစ်ခေါက်လွတ်ငြိမ်း သက်သာခွင့်တွင် အင်းစိန်ထောင် မှ အကျဉ်းသားများမပါသေးသော် လည်း တတိယအကြိမ်တွင် ပါ မည်ဖြစ်ကြောင်း အင်းစိန်အကျဉ်း ထောင်၊ ထောင်ပိုင်ကြီးက ပြော သည်။ ""အင်းစိန်ကမပါသေးဘူး။ ဒီ တစ်ခေါက်။ အလှည့်ကျပေးမယ် လို့သိရတယ်။ ဆက်ပေးမှာဆိုတော့ နောက်တစ်ခေါက်မှာ ပါမယ်လို့ သိရတယ်""ဟု ၄င်းက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။ 
ဧပြီ ၂၆ ရက် နံနက်ပိုင်း တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်မှ နိုင်ငံရေးတက်ြွကလှုပ်ရှားသူ ကချင်လူငယ်ခေါင်း ဆောင် နှစ်ဦးဖြစ်သည့် ကိုလွမ်း ဇောင်းနှင့်ကိုဇော်ဂျက်တို့ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရ သည်။ 
ထောင်ဒဏ်ခြောက်လကျခံ နေရာမှ လွတ်မြောက်လာသူ ကို လွမ်းဇောင်းက""ကျွန်တော်တို့ကို ထောင်ထဲမှာ ငါးလနီးပါးလောက် အကျဉ်းချလိုက်ပြီးမှ ထွက်ခါနီး လောက်မှ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ထုတ် လိုက်တာ""ဟု ပြောသည်။ 
ကချင်ပြည်နယ် မိုးညှင်း အကျဉ်းထောင်မှ အကျဉ်းသား ၁၂၂၁ ဦး၊ အကျဉ်းသူ ၁၀၄ ဦး စုစုပေါင်း ၁၃၂၅ ဦး( အကျဉ်း ထောင်တွင် တစ်ဦးသေဆုံးသူပါ) နံနက် ၁၀ နာရီတွင် ပြန်လည်လွတ် မြောက်ခဲ့ပြီး ထောင်မှမိုးညှင်းဘူ တာကြီးသို့ အရောက်ပို့ဆောင် ပေးခဲ့ကြောင်း မိုးညှင်းအကျဉ်းဦး စီးဌာန လက်ထောက်ညွှန်ကြားရေး မှူးဦးသိန်းဇော်မောင်က ပြောသည်။ 
""မိုးညှင်းအကျဉ်းထောင်မှ အကျဉ်းသား/သူ ၁၃၂၅ ဦး လွတ် ငြိမ်းသက်သာခွင့်ရခဲ့ပါတယ်။ ဒါ နဲ့ပတ်သက်ပြီး အကျဉ်းသားတွေ အတွက် အစစအဆင်ပြေအောင် တာဝန်ယူ ဆောင်ရွက်ပေးခြင်းဖြစ် ပါတယ်။ အဓိကတော့ ကျွန်တော် တို့အခုလက်ရှိထောင်နဲ့ မိုးညှင်း မြို့တွင်းက ၁၀ မိုင်နဲ့ကိုးမိုင်နီးပါး ကွာဝေးတဲ့အတွက် ယခုလိုအ ကျဉ်းသားတွေကို သက်သောင့် သက်သာအန္တရာယ်ကင်းကင်း စိတ် ချလုံခြုံမှုရှိအောင် ယခုလိုစီစဉ် ပေးရခြင်းဖြစ်ပါတယ်"" ဟု ၄င်း ကပြောသည်။ 
အကျဉ်းသား/သူများကို လည်း မိုးညှင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင် အေး၊ မိုးညှင်းခရိုင် အုပ်ချုပ်ရေး မှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာ ဝန်ရှိသူများကလည်း ဆုံးမဩဝါဒ စကားများပြောကြားခဲ့ကြောင်း ゞင်းက ဆက်လက်ပြောသည်။ 
မကွေးတိုင်းဒေသကြီး သရက် အကျဉ်းထောင်မှ အကျဉ်းသား ၂၈ ဦးနှင့် အကျဉ်းသူခြောက်ဦး စုစု ပေါင်း ၃၄ ဦး လွတ်မြောက်ခဲ့ ကြောင်း သရက်အကျဉ်းထောင်၊ ထောင်ပိုင်ကြီး ဦးသိန်းလွင်က ပြော သည်။ 
""လွတ်ငြိမ်းချမ်းသာခွင့်ရ တော့ သူတို့အတွက်ပီတိဖြစ်ပါ တယ်။ နောက်လည်းများများလေး လွှတ်ပေးရင် ကောင်းတာပေါ့။မွန်း ကျပ်နေတဲ့သူတွေ နှစ်ကြီးကျနေ တဲ့သူတွေအတွက်ပေးရင်ကောင်း တာပေါ့။ အကန့်အသတ်နည်း နည်းနဲ့ပေါ့""ဟု ၄င်းကပြောသည်။ 
လွတ်မြောက်သွားသူ အများ စုမှာတည်ဆဲဥပဒေကို ဖောက် ဖျက်သည့်အမှုများဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောသည်။ 
စစ်ကိုင်းတိုင်းဒေသကြီးတွင် အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှ အကျဉ်းသား/သူ ၂၂၁၅ ဦးပြန်လည်လွတ်မြောက် ခဲ့ပြီး ဆူပူမှုဖြစ်ပွားသည့် ရွှေဘို ထောင်မှ ၅၁၅ ဦးပါဝင်ကြောင်း သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဦးကံဇာမုန်က ""ပြန်လွတ် တာဟုတ်တယ်။ ဒုတိယအကြိမ် ပေါ့။ ရွှေဘိုထောင်က အကျဉ်းသား တွေလည်းပါတယ်။ အခုတိုင်းဝန် ကြီးချုပ် ရွှေဘိုထောင်ကိုသွား ရောက်အားပေးနေပါတယ်""ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ 
မူးယစ်ပုဒ်မ ၁၅/၁၆ ပူးတွဲ ပြစ်ဒဏ်ကျနေသူများကို အဓိက ထား၍ လွှတ်ပေးလိုက်ခြင်းဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အကျဉ်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးမျိုးဦးက ပြောသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး ဝန် ကြီးချုပ် ဒေါက်တာမြင့်နိုင်က""အ ခုလိုနိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်း သက်သာခွင့်နဲ့ထပ်မံလွတ်မြောက် ခွင့်ရတဲ့သူတွေအားလုံးအတွက် ပြောမပြတတ်အောင် အရမ်းဝမ်း သာမိပါတယ်။ ဒါကြောင့် လာ ရောက်တွေ့ဆုံပြီး ဆုံးမစကားပြော တာပါ။ အခုလွတ်တဲ့သူတွေအရမ်း ပျော်နေကြလား၊ မိသားစုဖြစ်တဲ့ မိဘတွေ၊ ဇနီးတွေ၊ သားသမီးတွေ ဘယ်လောက်ပျော်နေကြမလဲ စဉ်း စားကြည့်ပါ။ အရာရာကို ကိုယ် ချင်းစာစိတ်နဲ့ ပြုလုပ်ဆောင်ရွက် ကြပါ။ သားသမီးတွေရဲ့မျက်နှာ ကို ထောက်ထားကြပါ။ ကိုယ့်မိ သားစုရဲ့ ဂုဏ်သိက္ခာကို စောင့် ထိန်းကြပါ။ ဒီဘဝမှာ လူဖြစ်ခွင့်ရ တဲ့အခိုက် အဖိုးတန်တဲ့လူဖြစ် အောင် ကြိုးစားကြပါ။ မူးယစ် ဆေးဝါးကင်းစင်ပပျောက်အောင် ဝိုင်းဝန်းကူညီကြပါ။ ကိုယ့်ကိုယ်ကို ထိန်းကြပါ။ အနေအထိုင်ဆင်ခြင် ကြပါ။ ကိုယ့်နိုင်ငံမှာ မြေတွေအ များကြီးရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အရမ်းများတာ မို့ ကောင်းကောင်းမွန်မွန်လုပ်ကိုင် စားသောက်ကြပါ။ လူ့ဘဝလူဖြစ် ရကျိုးနပ်အောင် နေထိုင်ကြပြီး တိုင်းပြည်ရဲ့အမျိုးသားရေးတာဝန် ဖြစ်တဲ့ မူးယစ်ဆေးဝါးကင်းစင်ပ ပျောက်ဖို့ ဝိုင်းဝန်းကူညီကြပြီး တန်ဖိုးရှိတဲ့လူဖြစ်အောင် ကြိုးစား ကြပါ""ဟု ပြောကြားခဲ့သည်။ 
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထပ်မံလွတ်မြောက်ခွင့်ရသော စစ် ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် မဲဇာအလယ်ဆိပ်ကျေးရွာ မှ ကိုအောင်မြင့်စိုးက]]မူးယစ်ဆေး ဝါးမှုနဲ့ ထောင် ၁၆ နှစ်ကျခဲ့တာ ပါ။ ထောင်ကျတာ သုံးနှစ်မပြည့် သေးပါဘူး။ အခုလိုလွတ်ငြိမ်းချမ်း သာခွင့်ရတဲ့အတွက် အရမ်းပျော် ရွှင်မိပါတယ်။ နိုင်ငံတော်သမ္မတ ကြီးနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို အရမ်းကျေးဇူးတင်ရှိပါတယ်။ နောင်ကိုလည်း မူးယစ်ဆေးမလုပ် တော့ပါဘူး။ ကောင်းကောင်းမွန် မွန်နေထိုင်သွားမှာပါ""ဟု ပြော သည်။ 
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်( နှစ် ဆန်းတစ်ရက်နေ့)ကလည်း နိုင်ငံ တော်သမ္မတအမိန့်ဖြင့် နိုင်ငံသား အကျဉ်းသား/သူ ၉၅၃၅ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦး တို့ကို လွတ်ငြိမ်းသက်သာခွင့်ပေး ထားပြီး မူးယစ်မှုအများဆုံးပါဝင် ခဲ့သည်။ဧပြီ ၁၇ ရက်နှင့် ၂၂ ရက် နေ့များက ရွှေဘိုအကျဉ်းထောင် နှင့် မုပ္ပလင်(ကျား)ကုန်ထုတ် စခန်းတို့တွင် လွတ်ငြိမ်းသက်သာ ခွင့်နှင့် ပတ်သက်ပြီး အကျဉ်းသား များဆန္ဒပြမှုများပြုလုပ်ခဲ့ကြသေး သည်။ 
ယမန်နှစ် ဧပြီ ၁၇ ရက်က နိုင်ငံသားအကျဉ်းသား/သူ ၈၄၉၀ ဦးနှင့်နိုင်ငံခြားသားအကျဉ်းသား/ အကျဉ်းသူ ၅၁ ဦးတို့ကိုလွတ် ငြိမ်းသက်သာခွင့်ပေးခဲ့သည်။ 

WYHW,MM,ZZ,MP,KTS,MP 
#Democracytoday

0 comments:

Post a Comment