Thursday, April 25, 2019

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းလုံခြုံရေး အမေရိကန်အပေါ် မူတည်ဟု ကင်ဂျုံအန်းပြော


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းလုံခြုံရေးဟာ အမေရိကန်ရဲ့ သဘောထားပေါ်မှာ မူတည်နေကြောင်း ပြောခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က ဧပြီ ၂၆ ရက်နေ့မှာ ဖော်ပြပါတယ်။ 
ကင်ဂျုံအန်းဟာ ဧပြီ ၂၅ ရက်နေ့က ရုရှားနိုင်ငံကို ရောက်လာပြီး သမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးတွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ 

“မကြာသေးခင်က မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုမှာ အမေရိကန်က မမှန်ကန်တဲ့ တဖက်သတ်ဆန်ဆန် သဘောထားထားရှိတဲ့အတွက် အခုချိန်မှာ ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသတွင်းအခြေအနေဟာ ရှေ့မတိုးနောက်မဆုတ် အခြေအနေ မှာရှိတယ်။….မူလအခြေအနေကို ပြန်လှည့်သွားနိုင်တဲ့ အရေးကြီးတဲ့အချိန်ကို ရောက်နေတယ်။” 

ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်းတို့ ဒုတိယအကြိမ် တွေ့ဆုံမှုဟာ ဘာသဘောတူညီချက်မှမရဘဲ ပျက်သွားခဲ့တာပါ။ 

အမေရိကန်အနေနဲ ပိုပြီးသဘောထားပျော့ပြောင်းလာဖို့ အခုနှစ်ကုန်အထိ စောင့်သွားမယ်လို့ ဧပြီအစောပိုင်းမှာ ကင်ဂျုံအန်းက ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment