Thursday, April 25, 2019

လှိုင်သာယာတွင် ကျင်းပမည့် အလုပ်အကိုင်ပြပွဲတွင် လုပ်သားရာနှင့်ချီ ခေါ်ယူမည်

လှိုင်သာယာမြို့နယ်တွင် ကျင်းပမည့် အလုပ်အကိုင်ပြပွဲတွင် ကုမ္ပဏီပေါင်း ၂၀ ခန့်က အလုပ်သမားရာနှင့်ချီ လုပ်သားခေါ်ယူသွားမည်ဟု Synery Focus International ကုမ္ပဏီမှ ပွဲစီစဉ်သူ ကိုအေးချမ်းက ပြောသည်။ 
“အလုပ်အကိုင်ပြပွဲတိုင်းမှာ မြို့ထဲမှာ လုပ်ကြတာများတယ်။ အတွေ့အကြုံရှိသူတွေအတွက် အခွင့်အလမ်းပိုများတယ်။ လှိုင်သာယာကျတော့ တချို့အလုပ်တောင် ဘယ်လိုလျှောက်ရမှန်းမသိဘူး။ တကယ်အလုပ်လိုချင်သူတွေအတွက် အခွင့်အလမ်းအနေနဲ့ လုပ်တာပါ”ဟု ၎င်းကဆိုသည်။ 

ထို့အပြင် အလုပ်အကိုင်ပွဲတော်တွင် အထည်ချုပ်စက်ရုံများမှ Postion တစ်ခုတွင် လုပ်သားငါးဆယ်မှ ၂၀၀ ကြား ခေါ်ယူရန်ရှိနေသည့်အတွက် လှိုင်သာယာရှိ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ထို့အပြင် ပညာရေး အလယ်တန်း၊ အထက်တန်းအဆင့်ရှိ၊ အတွေ့အကြုံနည်းပါးသူများအတွက် ရည်ရွယ်၍ အလုပ်အကိုင်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

အဆိုပါ အလုပ်အကိုင်ပြပွဲကို ဧပြီ ၂၇၊ ၂၈ တွင် နှစ်ရက်တာကျင်းပမည်ဖြစ်ပြီး နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအထိ လှိုင်သာယာ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ရုံးဝင်း ၊ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။ 

အလုပ်အကိုင်ပြပွဲတွင် ရုံးလုပ်ငန်းဆိုင်ရာ ဝန်ထမ်းများ၊ စက်ရုံလုပ်သားများ၊ ကျွမ်းကျင်မှု အဆင့်ရှိဝန်ထမ်းများ၊ အထည်ချုပ် စက်ရုံလုပ်သားများ၊ ယာဉ်မောင်းများ၊ Technician and Engineers၊ စာရင်းကိုင်များ၊ Store Keeper များ၊ HR Admine Finance နယ်ပယ်နှင့် မန်နေဂျာရာထူးများကို ခေါ်ယူသွားမည်ဖြစ်သည်။ 

လာရောက်လျှောက်ထားသူများသည် မိမိကျွမ်းကျင်သည့် အလုပ်အကိုင်နှင့် ကုမ္ပဏီတိုက်ရိုက် အင်တာဗျူး၍ အလုပ်ခန့်ထားခြင်းများပါ ပြုလုပ်သွားမည်ဖြစ်သည်။

The Voice

0 comments:

Post a Comment