Thursday, April 25, 2019

ကချင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး တပ်စခန်းများ စွန့်ခွာပေးရန် KHCC တောင်းဆို


ကချင် စစ်ရှောင် ဒေသခံ (IDP)များ နေရပ်ပြန်နိုင်ရေး တိုင်းရင်းသားဒေသများတွင် စစ်ရှိန်လျော့ရန် လိုအပ်ပြီး ယခင် တပ်စခန်း မရှိသည့် ကျေးရွာများတွင် စခန်းတည်ဆောက်ခြင်းကို ယင်းဒေသများမှ စွန့်ခွာ၍ ငြိမ်းချမ်းမှု တည်ဆောက်နိုင်မှသာ IDP နေရပ် ပြန်ရေးသည် အချိန်တိုအတွင်း အောင်မြင်လိမ့်မည်ဟု ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား စောင့်ရှောက်မှု ကော်မတီ (KHCC) က ပြောသည်။ 
ယနေ့ နေပြည်တော် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာနတွင် ပြုလုပ်သည့် အစိုးရနှင့် KHCC အဖွဲ့ တို့ တွေ့ဆုံပွဲတွင် ယင်းအဖွဲ့ ၏ ဥက္ကဌ ဖြစ်သူ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆပ်ဆွန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 
ယနေ့ တွေ့ဆုံပွဲတွင် IDP များ အနေဖြင့် ၄င်းတို့ နေရပ်သို့ ဂုဏ်သိက္ခရှိစွာဖြင့် ဘေးကင်းလုံခြုံစွာ ပြန်လည် အခြေချနေထိုင်နိုင် ရေး ကိစ္စ၊ IDP များ လတ်တလော လိုအပ်နေသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးရေးကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 














ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ


0 comments:

Post a Comment