Saturday, April 25, 2020

"သီတဂူဆရာတော်ကြီးအား ပုပ်ရဟန်းမင်းကြီး၏(ကိုယ်စား)ပေးပို့လာသော ကျေးဇူးတင်လွှာ (မြန်မာပြန်)"

Image may contain: 3 people, people standing
လေးစားကြည်ညိုရပါသော သီတဂူဆရာတော်ကြီးဘုရား

COVID-19 ကပ်ရောဂါ ဖြစ်ပွားရာကာလအတွင်းမှာ မရှိမဖြစ် အသုံးဝင်လှသည့် ကြက်သွန်၊ စားသုံးဆီဗူး ၁၀၀၊ ဆန်အိတ် ၁၀၀ တို့ကို မန္တလေးရှိ ခရစ်ယာန်အသင်းတော်ဝင်တို့အား ရက်ရောစွာ ပေးလှူဒါန်းခဲ့ကြောင်းကို မန္တလေးမြို့မှ ဘုန်းတော်ကြီး မာကို တင်ဝင်း ပြောပြလို့ တပည့်တော် ကြားသိရပါသည်။ ဒါ့အပြင် COVID-19 ဆိုးရွားစွာ ခံစားရသူတို့ကို အကူအညီပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် တည်ထောင်သည့် အရေးပေါ် ရံပုံငွေအတွက် အဆွေတော် အရှင်ဘုရား ရက်ရောစွာ စေတနာနဲ့ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ - ၁၀,၀၀၀ အတွက်လည်း ကျနော်မျိုး အထူးကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေဘုရား။

မန္တလေးရှိ ခရိယာန်ဘာသာဝင် အဖွဲ့အစည်းများအပေါ် နှင့် ပုပ်ရဟန်းမင်းကြီးမှ တဆင့် ပေးအပ်သည့် အကူအညီလိုအပ်နေသည့် တစ်ကမ္ဘာလုံးရှိသူ လူသားများအပေါ် အဆွေတော် အရှင်ဘုရားထားရှိသည့် ကာယကံမြောက် ကရုဏာ အလှူတော်တို့ကြောင့် အဆွေတော် အရှင်ဘုရားကို ကျနော်မျိုး အထူးလေးစားကြည်ညိုရပါသည်ဘုရား။ အဆွေတော် အရှင်ဘုရား၏ မြင့်မြတ်တဲ့ အလှူဒါနကြောင့် ကျနော်မျိုးတို့၏ မြင့်မြတ်တဲ့ ပုပ်ရဟန်းမျိုးကြီးလည်း အဆွေတော် အရှင်ဘုရားကို အထူးလေးစားကြည်ညိုမိမှာ သေချာပါသည်ဘုရား။
အဆွေတော် အရှင်ဘုရား၏ စိတ်ကောင်း နှလုံးကောင်းနှင့် အကူအညီပေးမှုများအတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်ဘုရား။ အဆွေတော် အရှင်ဘုရားနှင့်အတူ ကျနော်မျိုးလည်း တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး အမြန်ဆုံး ချုပ်ငြိမ်းပါစေလို့ ဘုရားထံမှာ ဆုတောင်းပါတည်ဘုရား။ အဆွေတော် အရှင်ဘုရားလည်း လိုရာဆန္ဒပြည့်ဝပြီး ကျန်းမာချမ်းသာပါစေ။ ဗုဒ္ဓသာသနာတော်မြတ်ကြီး နေလို လလို ထွန်းတောက်ပအောင် ဆောင်ရွက်နိုင်ပါစေ။ အဆွေတော် အရှင်ဘုရား၏ ဆွေမျိုးမိတ်သင်္ဂဟများနှင့် အဆွေတော်၏ အဖွဲ့အစည်းဝင်အားလုံး အန္တရာယ်ကင်း ဘေးရှင်းပါစေ၊ ပျော်ရွှင်၊ ကျန်းမာပါစေကြောင်း ကျနော်မျိုး တပည့်တော် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား။
ချစ်ခင်လေးစားစွာဖြင့်
ဘုန်းတော်ကြီး ပေါ် တချောင် အင် နန်
ဘန်ကောက်၊ ၂၄၊ ဧပြီလ၊ ၂၀၂၀။
Image may contain: 2 people, people sitting
Image may contain: 2 people, people standing
Image may contain: text

Remark - မူရင်းအင်္ဂလိပ်စာဖိုင်ကို ဓါတ်ပုံတွင်
ကြည့်ရှုပါ။ Ashin Visuta (သီတဂူအရှင်ဝိသုတ)မှ
ဆီလျှော်စွာ ဘာသာပြန်သည်။
Crd : သီတဂူဆရာတော်ဓမ္မသဘင် - LIVE
>>Zawgyi<<

0 comments:

Post a Comment