Tuesday, May 19, 2020

အထက်တန်းတွေကို အရင်ဆုံးစဖွင့်ဖို့ အကြံပြုချက်တွေကို စဉ်းစားမည်


Image may contain: 2 people, people sitting
မူလတနျးတှထေကျ အတနျးကွီးတှကေို အရငျဆုံးစဖှငျ့ဖို့ မိဘကိုယျစားလှယျနဲ့ ဆရာဆရာမြားကိုယျစား လှယျတို့က တငျပွခဲ့ရာမှာ နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ်က သူတို့တင်ပြသလို အထက်တန်းတွေကို အရင်ဆုံးစတင်ဖွင့်လှစ်ဖို့ စဉ်းစားမယ်လို့ ပြောလိုက်ပါတယ်။
ဒီကနေ့ မေလ ၁၉ ရက်က ပြုလုပ်ခဲ့တဲ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီးတော့ အခြေခံပညာဦးစီးဌာနညွန်ကြားရေးမှူးချုုပ် ဦးကိုလေးဝင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နီလာဝင်းနဲ့ ကျောင်းသားမိဘကိုယ်စားလှယ် ဦးကျော်ဌေးတို့ အပြန်အလှန်ဆွေးနွေးခဲ့တဲ့ အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံ ဆရာ/ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နီလာဝင်းက မူလတန်းကျောင်းသားဦးရေက အ ထက်တန်းကျောင်းသားဦးရေထက်များပြားနေသလို (Social Distancing ) ခပ်ခွာခွာနေထိုင်ဖို့ အခက်အခဲတွေရှိနိုင်သလို မူလတန်းကလေးတွေကို ပညာပေးဖို့ကလည်း အနည်းငယ်အခက်အခဲတွေရှိနိုင်ကြောင်းတင်ပြခဲ့ပါတယ်။

“ မူလတန်းကို အရင်ဆုံးစဖွင့်တယ်ဆိုတဲ့အခြေအနေမှာ ကျွန်မတို့ကလေးတွေက သူတို့လုပ်ချင်တဲ့ အလုပ်က ကစားချင်တာ၊ကစားရင်းနဲ့ ပညာကိုသင်ယူတာက KG သင်ရိုးတွေပါ။ အဲဒီအခါမှာ စည်းကမ်းတွေနဲ့ကလေးတွေကို Mask အုပ်ခိုင်းမယ်၊ ခပ်ခွာခွာနေခိုင်းမယ်။ ကလေးတွေရဲ့ အနေအထားက ငြိမ်ငြိမ်မနေတတ်တဲ့အ ရွယ်လေးတွေ ဖြစ်နေတယ်။ ကျွန်မတို့ မန္တလေးမှာ နေ့လယ်ခင်း အရမ်းပူရင် အကျီတွေ ချွတ်ပြီး ပစ်ပေါက်ပြီးကစားနေကြတာ။ အဲဒါမျိုးတွေကို ကျွန်မတို့က သူတို့နဲ့ လိုက်လျောညီထွေအောင်သင်ယူရတယ်" လို့ ဆရာမ ဒေါ်နီလာဝင်းက ပြောပါတယ်။

အလယ်တန်းပိုင်းနဲ့ အထက်တန်းပိုင်းက အသိပညာတွေရထားပြီးပြီဖြစ်လို့ ကျန်းမာရေးအသိကိုလည်း ဆရာဆရာမတွေ ညွန်ကြားထားတဲ့အတိုင်းလိုက်နာဖို့ အဆင်ပြေနိုင်တာကြောင့် မူလတန်းတွေအစား အထက်တန်းတွေကိုသာ အရင်ဆုံးပြန်လည်ဖွင့်လှစ်မယ်ဆိုရင် ပိုပြီးထိရောက်နိုင်မယ်လို့ ထင်မြင်ကြောင်း ဒေါ်နီလာဝင်းက တင်ပြခဲ့ပါတယ်။

အထက်တန်းတွေကိုသာ အရင်ဖွင့်လှစ်ခဲ့မယ်ဆိုရင် မူလတန်းဆရာဆရာမတွေက ကျောင်းလာတက်မယ့် အထက်တန်းကျောင်းသားတွေကို အပူချိန်တိုင်းပေးတာ စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ပိုပြီးထိရောက်နိုင်မယ်လို့ မြင်မိကြောင်း ဆိုပါတယ်။

မူလတန်းကလေးတွေကိုတော့ ကျန်းမာရေးလမ်းညွန်ချက်တွေအတိုင်း နေတတ်ထိုင်တတ်အောင် မိဘတွေက အရင်ဆုံးသင်ကြားထားပြီးမှ အလေ့အကျင့်ရလာမှသာ ကျောင်းပြန်တက်ခိုင်းသင့်ကြောင်း ဆရာမဒေါ်နီလာဝင်းက တင်ပြခဲ့တာပါ။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က စည်းကမ်းထိန်းသိမ်းခြင်းကိုလည်း ကစားတဲ့နည်းလမ်းနဲ့ ဖြစ်အောင် စဉ်းစားဖို့လိုကြောင်း၊ အထက်တန်းကနေစပြီး ဖွင့်ရင်ကောင်းမလားဆိုတာကိုလည်း လေးလေးနက်နက် ပြန်လည်စဉ်းစားမှာဖြစ်ကြောင်း၊ လက်ရှိမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့က ၁ လခွဲလောက်ကြာဦးမှာဖြစ်တဲ့အ တွက် တင်ပြချက်တွေအပေါ် ပြန်လည်သုံးသပ်ပြီး စဉ်းစားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ဥပမာ မျက်နှာဖုံးတပ်တယ်ဆိုရင်လည်း ကစားတဲ့နည်းလေးဖြစ်လာအောင်၊ ခွာပြီးနေတာကိုလည်းကစားနည်းတစ်ခုဖြစ်လာအောင် ဒါလည်းဆရာမတွေက စဉ်းစားရမယ်။ အထက်တန်းကလေးတွေက မူလတန်းကလေးတွေက ပိုပြီး လူနည်းမယ်ထင်တယ်။ ဒါကြောင့် Social Distancing စနစ်က ပိုပြီးလွယ်လိမ့်မယ်ထင်တယ်။ ဒါကြောင့် အထက်တန်းတွေကို အရင်ဆုံး ပြန်ဖွင့်မလားဆိုတာ ပြန်ပြီးတော့ စဉ်းစားပါမယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့တာပါ။

အဲဒီနောက် မိဘကိုယ်စားလှယ် ဦးကျော်ဌေးကလည်း ကျောင်းသားမိဘအများစုကတော့ မူလတန်းတွေ ပြန်လည်ဖွင့်လှစ်မှာကို စိုးရိမ်နေကြပြီး အတန်းကြီးတွေကိုသာ အရင်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ အတွက် တင်ပြသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပညာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်တွေအရ အခြေခံပညာကျောင်းတွေကို ဇူလိုင် ပထမပတ်လောက်မှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး KG တန်း၊ မူလတန်းကနေ အဆင့်ဆင့် ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။
Ref ; Duwun

0 comments:

Post a Comment