Friday, May 29, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့သော ဘာသာရေးစုရုံးပွဲတက်ရောက်ခဲ့မှုနှင့် ဆက်နွယ်လျှက် မြန်မာနိုင်ငံသား ၂၂ ဦးကို ဂါယာလေဆိပ်၌ အိန္ဒိယ ထိန်းသိမ်း

ဗုဒ္ဓဟူးနေ့ အိန္ဒိယနိုင်ငံ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်မြို့သို့ ထွက်ခွာမည့် ခရီးသည်များအနက် မြန်မာနိုင်ငံသား ၂၂-ဦးတို့ကို အိန္ဒိယလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကဖမ်းဆီးထိန်းသိမ်းခဲ့ရာ ၎င်းတို့မှာ လွန်ခဲ့သည့် မတ်လ နယူးဒေလီမြို့ရှိ နီဇာမတ်ဒင်တွင် ကျင်းပသော “ တဗ်လိုက်ဂျာမာ့သ် “ ဘာသာရေးစုရုံးပွဲသို့ တက်ရောက်ခဲ့ကြောင်း စွပ်စွဲခြင်းခံရသူများဖြစ်သည်ဟု အိန္ဒိယအခြေစိုက် Hindustan Times က ယနေ့ရေးသားသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ( ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေး ) ဒေလီရဲတပ်ဖွဲ့၏ LOC ခေါ် “ စောင့်ကြည့်ဧရိယာ “ အတွင်း အသွားအလာဆိုင်းငံ့ထားခြင်းကို ချိုးဖောက်သဖြင့် ယခုကဲ့သို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ဒေလီရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားထားပြီး လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ကြိုတင်ဘွတ်ကင်လုပ်ထားသော မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ကယ်ဆယ်ကူညီရေး လေယာဉ်ပေါ်သို့ တက်ရောက်မည့်ဆဲဆဲတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
လူဝင်မှုကြီးကြပ်ရေးဌာနမှ သတင်းရင်းမြစ်များအရ ၎င်းလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားအားလုံးတို့သည် ခိုးလ်ကတ္တားမှ ဂါယာသို့ရောက်ရှိလာခဲ့သူများဖြစ်ကြောင်း၊ ခရီးသည် ၁၀၄ ဦး လိုက်ပါလျှက် ဂါယာမှ ရန်ကုန်သို့ အထူးခရီးစဉ်အဖြစ် ပျံသန်းရန် စီစဉ်ထားကြောင်း၊ မထွက်ခွာမီ ခြောက်နာရီအလိုတွင် ဂါယာလူဝင်မှု ကြီးကြပ်ရေးဌာနက ရရှိသည့် ခရီးသည်အားလုံး၏ အသေးစိတ်အချက်အလက်များအရ ၂၂--ဦးမှာ ဒေလီရဲတပ်ဖွဲ့၏ LOCs နှင့် သက်ဆိုင်နေသူများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အား ဖမ်းဆီးစစ်ဆေးနေစဉ် အထူးလေယာဉ်မှာ ကျန်ခရီးသည် ၈၂ ဦးနှင့် ထွက်ခွာပျံသန်းသွားခဲ့ကြောင်း သိရှိရသည်။
ညနေ ၁ နာရီ ၃၀ ဝန်းကျင်တွင် ဂါယာလေဆိပ်၌ ကြားဖြတ် ဖမ်းဆီးခံရသူ ၂၂ ယောက်တို့အား ဗဟိုရဲလက်နက်ကိုင်တပ်ဖွဲ့ CISF သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒေလီရဲတပ်ဖွဲ့ကလည်း ၎င်း ၂၂-ဦးတို့ကို ရှာဖွေနေသည်ဟု သိရှိရကြောင်း၊ ဂါယာယူနီယံ ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များအရ မြန်မာနိုင်ငံသား (၂၂) ဦးတို့သည် မြန်မာ အစိုးရစီစဉ်သော အကူအညီပေးရေး အထူးလေယာဉ်ဖြင့်ထွက်ခွာရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ဗီဇာစည်းကမ်းချိုးဖောက် သည့် နိုင်ငံခြားသားများအား အရေးယူမည်ကို ဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပြီးဖြစ်ကြောင်း၊ နိုင်ငံခြားသားအက်ဥပဒေအပြင် Covid-19 ရောဂါ ကူးစက်မှုနှင့်ပတ်သက်၍ အစိုးရညွှန်ကြားချက်များအား ချိုးဖောက်သည့်အတွက် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
Ref-Htay Oung #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment