Tuesday, May 26, 2020

ကိုဗစ်ကူးစက်မှုရပ်တန့်ဖို့ အစီအမံများကို ရုပ်သိမ်းလိုက်မယ်ဆိုရင် ဒုတိယလှိုင်းက ကူးစက်မှုအမြင့်ဆုံး ဖြစ်နိုင်ကြောင်း WHO သတိပေး

COVID-19 ကူးစက်မှုနှုန်း လျော့ကျသွားတဲ့ နိုင်ငံတွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု ရပ်တန့်ဖို့ အစီအမံများကို အလွန်စောစီးစွာ ရုပ်သိမ်းလိုက်မယ်ဆိုရင် ဒုတိယအကြိမ် ကူးစက်မှုအမြင့်ဆုံး အခြေအနေ ချက်ချင်း ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
ကမ္ဘာဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ပထမလှိုင်းအလယ်မှာ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Mike Ryan က မေလ၂၅ ရက်နေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံအများအပြားမှာ ကူးစက်ဖြစ်ပွားမှုတွေ လျော့နည်းသွားချိန် ဗဟိုအမေရိက၊ တောင်အမေရိက၊ တောင်အာရှနဲ့ အာဖရိကမှာ COVID-19 ဖြစ်ပွားမှုများ မြင့်တက်နေဆဲဖြစ်ကြောင် သူက ထောက်ပြပါတယ်။
ကူးစက်ရောဂါဟာ မကြာခဏဆိုသလို လှိုင်းများအသွင် ဖြစ်လာတတ်ကြောင်းနဲ့ ပထမလှိုင်း ကြုံခဲ့ရပြီးတဲ့ နေရာတွေမှာ အခုနှစ် နှောင်းပိုင်းအရောက် နောက်ထပ်လှိုင်းတခု ပြန်ဖြစ်လာနိုင်ကြောင်း Mike Ryan က ရှင်းပြပါတယ်။
ဥရောပနဲ့ မြောက်အမေရိကမှာ အများပြည်သူကျန်းမာရေးနဲ့ လူအချင်းချင်း ခပ်ခွာခွာနေစေတဲ့ အစီအမံများ၊ စောင့်ကြည့်မှုများ၊ ဗိုင်းရပ်စ်စစ်ဆေးမှုများနဲ့ ကူးစက်မှုနှုန်း လျော့ကျနေစေရန် ကျယ်ပြန့်တဲ့ နည်းဗျူဟာများ ဆက်လက် ဆောင်ရွက်သင့်ပြီး ကူးစက်မှုအမြင့်ဆုံး ချက်ချင်း ပြန်မဖြစ်လာရန် လုပ်ဆောင်သင့်ကြောင်း Mike Ryan က ပြောခဲ့ပါတယ်။
သွားလာလှုပ်ရှားမှု ပိတ်ပင်ကန့်သတ်ပြီး Lockdown လုပ်ထားမှုတွေကြောင့် ကမ္ဘာတဝှမ်း စီးပွားရေးထိခိုက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပါတယ်။ မေလ ၂၆ ရက်နေ့ မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၅ ဒဿမ ၅ သန်းကျော်၊ သေဆုံးသူ ၃၄၆,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၂ ဒဿမ ၃ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
crd-irrwaddy #Myanmar_Online_News
>>zawgyi<<
ကိုဗစ် ကူးစက်မှု ရပ်တန့်ဖို့ အစီအမံများကို ရုပ်သိမ်းလိုက်မယ်ဆိုရင် ဒုတိယလှိုင်းက ကူးစက်မှု အမြင့်ဆုံး ဖြစ်နိုင်ကြောင်း WHO သတိပေး
Tuesday, May 26, 2020
COVID-19 ကူးစက်မှုနှုန်း လျော့ကျသွားတဲ့ နိုင်ငံတွေမှာ ရောဂါ ကူးစက်ဖြစ်ပွားမှု ရပ်တန့်ဖို့ အစီအမံများကို အလွန်စောစီးစွာ ရုပ်သိမ်းလိုက်မယ်ဆိုရင် ဒုတိယအကြိမ် ကူးစက်မှုအမြင့်ဆုံး အခြေအနေ ချက်ချင်း ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
ကမ္ဘာဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ပထမလှိုင်းအလယ်မှာ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Mike Ryan က မေလ၂၅ ရက်နေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံအများအပြားမှာ ကူးစက်ဖြစ်ပွားမှုတွေ လျော့နည်းသွားချိန် ဗဟိုအမေရိက၊ တောင်အမေရိက၊ တောင်အာရှနဲ့ အာဖရိကမှာ COVID-19 ဖြစ်ပွားမှုများ မြင့်တက်နေဆဲဖြစ်ကြောင် သူက ထောက်ပြပါတယ်။
ကူးစက်ရောဂါဟာ မကြာခဏဆိုသလို လှိုင်းများအသွင် ဖြစ်လာတတ်ကြောင်းနဲ့ ပထမလှိုင်း ကြုံခဲ့ရပြီးတဲ့ နေရာတွေမှာ အခုနှစ် နှောင်းပိုင်းအရောက် နောက်ထပ်လှိုင်းတခု ပြန်ဖြစ်လာနိုင်ကြောင်း Mike Ryan က ရှင်းပြပါတယ်။
ဥရောပနဲ့ မြောက်အမေရိကမှာ အများပြည်သူကျန်းမာရေးနဲ့ လူအချင်းချင်း ခပ်ခွာခွာနေစေတဲ့ အစီအမံများ၊ စောင့်ကြည့်မှုများ၊ ဗိုင်းရပ်စ်စစ်ဆေးမှုများနဲ့ ကူးစက်မှုနှုန်း လျော့ကျနေစေရန် ကျယ်ပြန့်တဲ့ နည်းဗျူဟာများ ဆက်လက် ဆောင်ရွက်သင့်ပြီး ကူးစက်မှုအမြင့်ဆုံး ချက်ချင်း ပြန်မဖြစ်လာရန် လုပ်ဆောင်သင့်ကြောင်း Mike Ryan က ပြောခဲ့ပါတယ်။
သွားလာလှုပ်ရှားမှု ပိတ်ပင်ကန့်သတ်ပြီး Lockdown လုပ်ထားမှုတွေကြောင့် ကမ္ဘာတဝှမ်း စီးပွားရေးထိခိုက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ပါတယ်။ မေလ ၂၆ ရက်နေ့ မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၅ ဒဿမ ၅ သန်းကျော်၊ သေဆုံးသူ ၃၄၆,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၂ ဒဿမ ၃ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
crd-irrwaddy #Myanmar_Online_News

0 comments:

Post a Comment