Thursday, May 28, 2020

အခြေခံပညာအတန်းများ အောင်စာရင်း ဇွန်လ ၁၃ ရက် ထုတ်ပြန်မည်

COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသည့် အခြေခံပညာအတန်းများ၏ အောင်စာရင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ် ပြန်မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောသည်။
‘‘ကျောင်းတွင်းစစ်စာမေးပွဲ တွေနဲ့ စတုတ္ထတန်း၊ အဋ္ဌမတန်း စာမေးပွဲ အောင်စာရင်းတွေက တော့ ၁၃ ရက် ခြောက်လမှာ ထုတ်ပြန်ဖို့ မှန်းထားတယ်။ အဲဒီ မတိုင်ခင်မှာ ဇွန် ၅ ရက်ကနေ ၉ ရက်နေ့လောက်ထိ လေးတန်း၊ ရှစ်တန်း အဖြေလွှာစစ်ဆေးတဲ့ ကိစ္စတွေ အပြီးသတ်ဖို့ ငါးရက် (သို့မဟုတ်) ခြောက်ရက်လောက် တော့ အချိန်ပေးထားပါတယ်’’ ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီက အခြေခံ ပညာကျောင်းများကို ဇူလိုင် ၂၁ ရက်မှစဖွင့်ရန် မေလ ၂၅ ရက်က ပညာရေးဝန်ကြီးဌာနသို့ ညွှန် ကြားခဲ့ခြင်းဖြစ်ပြီး အထက် တန်း အဆင့် အတန်းနှစ်တန်းကို စတင် ဖွင့်ရန် ညွှန်ကြားထားသည်။
အထက်တန်းအဆင့်အ တန်းများ ပြန်ဖွင့်သည့်အခြေအ နေကို သုံးသပ်ကာ အခြားအတန်း များ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့် ဖွင့်လှစ်ပြီး နှစ်ပတ်အကြာ (သြဂုတ် ဒုတိယ ပတ်) တွင် အလယ်တန်းအဆင့် အတန်းများ ဖွင့်မည်ဟု ဒေါက် တာတင်မောင်ဝင်းက ပြောသည်။
အလယ်တန်းအဆင့် အ တန်းများ ဖွင့်သည့်အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ် အကြာ (သြဂုတ် တတိယပတ်)တွင် မူလတန်းအဆင့်အတန်းများ ဆက်ဖွင့်မည်ဟု ၎င်းက ဆိုသည်။
ကျောင်းပြန်မဖွင့်မီ သူငယ် တန်းမှ နဝမတန်းအထိ အတန်း များ၏ ယခင်ပညာသင်နှစ်က အောင်စာရင်းကို ထုတ်ပြန်မည် ဖြစ်ကြောင်း ဒေါက်တာတင်မောင် ဝင်းက ဆိုသည်။
စတုတ္ထတန်း၊ အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲအဖြေလွှာ စစ် ဆေးခြင်းကို အချို့မြို့နယ်များ တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မကျင်းပမီကတည်းက ပြုလုပ်ခဲ့ ပြီး အချို့မြို့နယ်များက တက္က သိုလ်ဝင်ခွင့်စာမေးပွဲပြီးမှ ပြုလုပ် ခဲ့သည်။ COVID-19 ကြောင့် မတ်လ ၂၄ ရက်မှစကာ တက္က သိုလ်များ၊ ကျောင်းများ ရက်အ ကန့်အသတ်မရှိ ပိတ်ခဲ့ပြီး စာစစ် လုပ်ငန်းများကိုပါ ဆိုင်းငံ့ခဲ့သည်။
အဖြေလွှာ စစ်ဆေးသည့် လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရခြင်း ကြောင့် အခြေခံပညာ သူငယ် တန်းမှ နဝမတန်းအထိ စာမေးပွဲ အောင်စာရင်းကို မူလသတ်မှတ် ထားသည့် ဧပြီ ၂၆ ရက်တွင် မထုတ်ပြန်ဘဲ ရွှေ့ဆိုင်းထားရ သည်။
Ref ; 7Day
<zawgyi>
အခြေခံပညာအတန်းများ အောင်စာရင်း ဇွန်လ ၁၃ ရက် ထုတ်ပြန်မည်
Thursday, May 28, 2020
COVID-19 ကြောင့် ရွှေ့ဆိုင်းထားရသည့် အခြေခံ ပညာအတန်းများ၏ အောင်စာ ရင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ် ပြန်မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောသည်။
‘‘ကျောင်းတွင်းစစ်စာမေးပွဲ တွေနဲ့ စတုတ္ထတန်း၊ အဋ္ဌမတန်း စာမေးပွဲ အောင်စာရင်းတွေက တော့ ၁၃ ရက် ခြောက်လမှာ ထုတ်ပြန်ဖို့ မှန်းထားတယ်။ အဲဒီ မတိုင်ခင်မှာ ဇွန် ၅ ရက်ကနေ ၉ ရက်နေ့လောက်ထိ လေးတန်း၊ ရှစ်တန်း အဖြေလွှာစစ်ဆေးတဲ့ ကိစ္စတွေ အပြီးသတ်ဖို့ ငါးရက် (သို့မဟုတ်) ခြောက်ရက်လောက် တော့ အချိန်ပေးထားပါတယ်’’ ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီက အခြေခံ ပညာကျောင်းများကို ဇူလိုင် ၂၁ ရက်မှစဖွင့်ရန် မေလ ၂၅ ရက်က ပညာရေးဝန်ကြီးဌာနသို့ ညွှန် ကြားခဲ့ခြင်းဖြစ်ပြီး အထက် တန်း အဆင့် အတန်းနှစ်တန်းကို စတင် ဖွင့်ရန် ညွှန်ကြားထားသည်။
အထက်တန်းအဆင့်အ တန်းများ ပြန်ဖွင့်သည့်အခြေအ နေကို သုံးသပ်ကာ အခြားအတန်း များ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့် ဖွင့်လှစ်ပြီး နှစ်ပတ်အကြာ (သြဂုတ် ဒုတိယ ပတ်) တွင် အလယ်တန်းအဆင့် အတန်းများ ဖွင့်မည်ဟု ဒေါက် တာတင်မောင်ဝင်းက ပြောသည်။
အလယ်တန်းအဆင့် အ တန်းများ ဖွင့်သည့်အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ် အကြာ (သြဂုတ် တတိယပတ်)တွင် မူလတန်းအဆင့်အတန်းများ ဆက်ဖွင့်မည်ဟု ၎င်းက ဆိုသည်။
ကျောင်းပြန်မဖွင့်မီ သူငယ် တန်းမှ နဝမတန်းအထိ အတန်း များ၏ ယခင်ပညာသင်နှစ်က အောင်စာရင်းကို ထုတ်ပြန်မည် ဖြစ်ကြောင်း ဒေါက်တာတင်မောင် ဝင်းက ဆိုသည်။
စတုတ္ထတန်း၊ အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲအဖြေလွှာ စစ် ဆေးခြင်းကို အချို့မြို့နယ်များ တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မကျင်းပမီကတည်းက ပြုလုပ်ခဲ့ ပြီး အချို့မြို့နယ်များက တက္က သိုလ်ဝင်ခွင့်စာမေးပွဲပြီးမှ ပြုလုပ် ခဲ့သည်။ COVID-19 ကြောင့် မတ်လ ၂၄ ရက်မှစကာ တက္က သိုလ်များ၊ ကျောင်းများ ရက်အ ကန့်အသတ်မရှိ ပိတ်ခဲ့ပြီး စာစစ် လုပ်ငန်းများကိုပါ ဆိုင်းငံ့ခဲ့သည်။
အဖြေလွှာ စစ်ဆေးသည့် လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရခြင်း ကြောင့် အခြေခံပညာ သူငယ် တန်းမှ နဝမတန်းအထိ စာမေးပွဲ အောင်စာရင်းကို မူလသတ်မှတ် ထားသည့် ဧပြီ ၂၆ ရက်တွင် မထုတ်ပြန်ဘဲ ရွှေ့ဆိုင်းထားရ သည်။
Ref ; 7Day

0 comments:

Post a Comment