Friday, May 29, 2020

COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် တောင်ကိုရီးယား၌ စာသင်ကျောင်းများ ပြန်လည်ပိတ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူအများအပြား ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် မကြာသေး မီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်း ၂၀၀ ကျော်ကို ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရ သူများ လျော့ကျသွားသည့်အတွက် မေ ၂၇ ရက်မှစပြီး စာသင်ကျောင်း များကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့သော် ကျောင်းများပြန်လည်ဖွင့် လှစ်ပြီးနောက် တစ်ရက်အကြာတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၉ ဦးခန့် ထပ်မံတွေ့ရှိခဲ့သည်။ အဆိုပါအရေ အတွက်သည် နှစ်လအတွင်း တစ်ရက်တာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိမှုတွင် အမြင့်မားဆုံးဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူများကို ဆိုးလ်မြို့အပြင်ဘက်ရှိ ဂိုဒေါင် တစ်ခု၏ ဖြန့်ချိရေးလုပ်ငန်း၌ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
ဘူချွန်မြို့ရှိ အဆိုပါ ဂိုဒေါင်ကို နိုင်ငံ ၏အကြီးဆုံး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Coupanm က ပိုင်ဆိုင်ကြောင်း သိရသည်။ ယင်းဂိုဒေါင်ရှိ လုပ်ငန်းလည်ပတ်မှု အခြေအနေသည် ဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိကြောင်း ကျန်းမာရေးတာဝန်ရှိ သူများကဆိုသည်။ ထို့ပြင် အဆိုပါ ဂိုဒေါင်လုပ်သားများ၏ အဝတ်အစားများနှင့် ဖိနပ်များပေါ်တွင် ကိုဗစ်-၁၉ ရောဂါပိုးများကိုပင် စစ်ဆေးတွေ့ ရှိခဲ့ကြာင်း ကျန်းမာရေးတာဝန်ရှိ သူများက ပြောကြားခဲ့သည်။
အဆိုပါဂိုဒေါင်မှ လုပ်သားများအား ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ ဆက်လက်စစ်ဆေး မည်ဆိုပါက တောင်ကိုရီးယား၏ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်ဖွယ် ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ခန့်မှန်းပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁၁၄၀၂ ဦး ရှိလာခဲ့ပြီး သေဆုံးသူ ၂၀၆ ဦးရှိကြောင်း သိရသည်။
Source : BBC

0 comments:

Post a Comment