Friday, May 29, 2020

မြန်မာသင်္ဘောသား (၉၄)ဦး လိုက်ပါလာသော ပဉ္စမအကြိမ်ကယ်ဆယ်ရေးလေယာဉ် ကိုရီးယားနိုင်ငံမှ ထွက်ခွာ

ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား ပဉ္စမအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ဖြင့် (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၇:၁၅) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား(၃၅)ဦး၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေနိုင်ငံ၊ ကာတာနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် ဟောင်ကောင်တို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၄၂)ဦးနှင့် မြန်မာသင်္ဘောသား (၁၇)ဦး၊ စုစုပေါင်း (၉၄)ဦး တို့ပါရှိပါသည်။
ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်း လိုက်ပါမည့်နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
crd- မြန်မာသံရုံး၊ ဆိုးလ်မြို့ #Myanmar_Online_News
>>zawgyi<<
မြန်မာသင်္ဘောသား (၉၄)ဦး လိုက်ပါလာသော ပ ဉ္စမအကြိမ်ကယ်ဆယ်ရေးလေယာဉ် ကိုရီးယားနိုင်ငံမှ ထွက်ခွာ
Friday, May 29, 2020
ကိုရီးယားသမ္မတနိုင်ငံနှင့် အခြား နိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား ပ ဉ္စမအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ဖြင့် (၂၉-၅-၂၀၂၀) ရက်နေ့၊ (၁၇:၁၅) နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား(၃၅)ဦး၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေနိုင်ငံ၊ ကာတာနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် ဟောင်ကောင်တို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၄၂)ဦးနှင့် မြန်မာသင်္ဘောသား (၁၇)ဦး၊ စုစုပေါင်း (၉၄)ဦး တို့ပါရှိပါသည်။
ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်း လိုက်ပါမည့်နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
crd- မြန်မာသံရုံး၊ ဆိုးလ်မြို့ #Myanmar_Online_News

0 comments:

Post a Comment