Thursday, May 28, 2020

ကိုဗစ်ကြောင့် ဂျပန်ကချေးမယ့် ယန်း(၃၀)ဘီလီယံယူဖို့ လွှတ်တော်သဘောတူ

ကိုဗစ်ကြောင့် ဂျပန်နိုင်ငံကချေးငွေ ယန်း(၃၀)ဘီလီယံယူဖို့ သဘောတူတယ်လို့ ဒီနေ့မေလ(၂၈)ရက်နေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ ကြေညာလိုက်ပါတယ်။အဲ့ချေးငွေကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ် (၁၀)ယောက်က ထောက်ခံဆွေးနွေးခဲ့ပြီး ချေးငွေ သက်တမ်းကတော့ နှစ်(၄၀)ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ချေးငွေယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ ပြန်ရှင်းပြခဲ့ပါတယ်။"သက်သာမှုရှိတဲ့ချေးငွေရယူလိုတိုင်းရတာမဟုတ်ပါဘူး။ နိုင်ငံရဲ့မူဝါဒအခြေအနေတွေကြည့်ပြီးပေးတာကြောင့် အတိုးနှုန်းသက်တမ်းကာလတွေရှိတယ်။ ယခုထိ JICA ချေးငွေ ဝ.၀၁ ရနေပေမဲ့ နောက်တိုးလာနိုင်တယ့် အခွင့်လမ်းရှိချိန် ရယူထားတာက နိုင်ငံတော်အတွက်အကျိုးရှိမယ်၊ အရေးကြီးတာကချေးငွေကို အကျိုးရှိရှိ အသုံးချဖို့ လိတာဖြစ်တယ် "လို့ ဝန်ကြီးဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဝန်ကြီးရဲ့ရှင်းပြမှုအပြီးမှာတော့ ဒီနေ့လွှတ်တော်နာယကအဖြစ်တာဝန်ယူထားတဲ့ ဦးထွန်းထွန်းဟိန်က ကိုယ်စားလှယ်အားလုံးကို ချေးငွေယူဖို့သဘောတူမတူမေးခဲ့ပြီး သဘောမတူတဲ့သူ မရှိတာကြောင့် ချေးငွေယူဖို့ကြေညာခဲ့တာပါ။
အခုချေးငွေ သုံးစွဲမှုအပိုင်းတွေကိုလည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲမှာဖြစ်ပြီးစောင့်ကြည့်စစ်ဆေးမှုတွေကို အစိုးရနဲ့ JICA တို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Source - O Media
<zawgyi>
ကိုဗစ်ကြောင့် ဂျပန်ကချေးမယ့် ယန်း(၃၀)ဘီလီယံယူဖို့ လွှတ်တော်သဘောတူ
Thursday, May 28, 2020
ကိုဗစ်ကြောင့် ဂျပန်နိုင်ငံကချေးငွေ ယန်း(၃၀)ဘီလီယံယူဖို့ သဘောတူတယ်လို့ ဒီနေ့မေလ(၂၈)ရက်နေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ ကြေညာလိုက်ပါတယ်။အဲ့ချေးငွေကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်(၁၀)ယောက်က ထောက်ခံဆွေးနွေးခဲ့ပြီး ချေးငွေ သက်တမ်းကတော့ နှစ်(၄၀)ဖြစ်ပါတယ်။
ဒီနေ့မှာတော့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ချေးငွေယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ ပြန်ရှင်းပြခဲ့ပါတယ်။"သက်သာမှုရှိတဲ့ချေးငွေရယူလိုတိုင်းရတာမဟုတ်ပါဘူး။ နိုင်ငံရဲ့မူဝါဒအခြေအနေတွေကြည့်ပြီးပေးတာကြောင့် အတိုးနှုန်းသက်တမ်းကာလတွေရှိတယ်။ ယခုထိ JICA ချေးငွေ ဝ.၀၁ ရနေပေမဲ့ နောက်တိုးလာနိုင်တယ့် အခွင့်လမ်းရှိချိန် ရယူထားတာက နိုင်ငံတော်အတွက်အကျိုးရှိမယ်၊ အရေးကြီးတာကချေးငွေကို အကျိုးရှိရှိ အသုံးချဖို့ လိတာဖြစ်တယ် "လို့ ဝန်ကြီးဦးမောင်မောင်ဝင်းက ပြောပါတယ်။
ဝန်ကြီးရဲ့ရှင်းပြမှုအပြီးမှာတော့ ဒီနေ့လွှတ်တော်နာယကအဖြစ်တာဝန်ယူထားတဲ့ ဦးထွန်းထွန်းဟိန်က ကိုယ်စားလှယ်အားလုံးကို ချေးငွေယူဖို့သဘောတူမတူမေးခဲ့ပြီး သဘောမတူတဲ့သူ မရှိတာကြောင့် ချေးငွေယူဖို့ကြေညာခဲ့တာပါ။
အခုချေးငွေ သုံးစွဲမှုအပိုင်းတွေကိုလည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲမှာဖြစ်ပြီးစောင့်ကြည့်စစ်ဆေးမှုတွေကို အစိုးရနဲ့ JICA တို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Source - O Media

0 comments:

Post a Comment