Saturday, May 30, 2020

ဖုန်းဆင်းမ်ကတ်များ မှတ်ပုံတင်ခြင်းကို ဇွန် ၆ ရက်အထိ တိုးမြှင့်သတ်မှတ်

ဆင်းမ်ကတ်များ ပြန်လည်မှတ်ပုံတင်နိုင်ရေးကိစ္စကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဇွန် ၆ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
တည်ဆဲဥပဒေအရ ထုတ်ပေးထားတဲ့ သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား)၊ နိုင်ငံခြားသာများအတွက် Passport တစ်ခုခုနဲ့ ၂ ကတ်ထက်ပိုကာ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်တွေနဲ့ အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းမ်ကတ်တွေကို ဧပြီ ၃၀ ရက် နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှ လွဲကာ အထွက်ခေါ်ဆိုမှုကို ပိတ်ထားခဲ့ကြောင်း၊ ထို ဆင်းမ်ကတ်တွေ အနေနဲ့ ဇွန်လ ၃၀ ရက်အထိ မှတ်ပုံတင်ခြင်းမပြုလုပ်ပါက အပြီးသတ်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။
မှတ်ပုံတင်ထားခြင်း ရှိမရှိကို MPT ဆင်းမ်ကတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ *601# ကိုလည်းကောင်း၊ Telenor ဆင်းမ်ကတ်ကိုင်ဆောင်ထားသူတွေ အနေနဲ့ *979*3*3# ကိုလည်းကောင်း၊ Ooredoo ဆင်းမ်ကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ *666# ကိုလည်းကောင်း၊ MyTel ဆင်းမ်ကတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ *966# ကိုလည်းကောင်း ခေါ်ဆိုကာ စစ်ဆေးနိုင်ပါတယ်။
ဆင်းမ်ကတ်များပြန်လည်မှတ်ပုံတင်နိုင်ရေးကို ဖေဖော်ဝါရီ ၂၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများနဲ့ လူမှုကွန်ရက်မီဒီယာများမှာ အသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment