Sunday, May 31, 2020

မောင်တောမြို့နယ်၊ ကညင်တန်း(အလယ်)ကျေးရွာ၌ ငွေကျပ်သိန်းပေါင်း ၁၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကညင်တန်း(အလယ်)ကျေးရွာနေ နော်ဘီ မုလ်ဂျူဟာရ်(ဘ)ဂျူဟာရ်ဟူဆိန်း ၏နေအိမ်အား သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ နော်ဘီမုလ်ဂျူဟာရ်အား မတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ ရေခါယာဖာတေမာ (ဘ)မာမူရော်ရှိမ်းနှင့် ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်း တို့ ၂ ဦးအား နေအိမ်အတွင်း ပီနံအိတ် ၃၅ ထုပ်ဖြင့်ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၇၀ နှင့် ၉ သောင်းပြားကျော်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၄ ဒသမ ၂ ဘီလီယံကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မောင်တောမြို့မ ရဲစခန်းသို့ တရားဥပဒေအရ အရေးယူနိုင်ရေး စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment