Thursday, May 28, 2020

တက္ကသိုလ်များကို ဇူလိုင်လကုန်ပိုင်းခန့်တွင် ဖွင့်လှစ်မည်

တက္ကသိုလ်များ၏ ကျောင်းဖွင့်ချိန်နှင့် ဖြေဆိုရန်ကျန်ရှိနေသည့် ဘာသာရပ်များကို ဇူလိုင်လကုန်ပိုင်းခန့်တွင် ပြုလုပ်နိုင်ရန် လျာထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။
က်ရှိတွင် အခြေခံပညာကျောင်းများကို ဇူလိုင်လအတွင်း အထက်တန်းအဆင့်မှစတင်ပြီး ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့်အတွက် အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ကောလိပ်များကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ရတော့မည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်သည့်အချိန်ကို အတိအကျသတ်မှတ်ပြီးပါက ကျောင်းသားကျောင်းသူများကို နှစ်ပတ်ခန့် ကြိုတင်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုအခြေခံက ဖွင့်ပြီဆိုတော့ ဆရာတို့လည်း ဖွင့်ဖို့ပြင်ဆင်ရတော့မယ်။ ဖွင့်ဖို့နဲနဲတော့နောက်ကျဦးမယ်။ ဇူလိုင်လကုန်ပိုင်းလောက်တော့ ခန့်မှန်းရတာဘဲ။ ပြီးတော့ တက္ကသိုလ်တွေမှာ Quarantine ထားတဲ့အပေါ်မူတည်သေးတယ်”ဟု ဒေါက်တာသိန်းဝင်းက ဆိုသည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် Quarantine စင်တာများအဖြစ် ဖွင့်လှစ်ထားသည့်ကျောင်းများကို ပညာရေးဝန်ကြီးဌာကိုပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည့်အတွက် ဆက်လက်ထားရှိရန်လိုအပ်ပါက တက္ကသိုလ်ဒီဂရီကောလိပ်များကိုအသုံးပြုရန် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။
ကျွန်တော်တို့ကျောင်းကို မနေ့က ထိုင်းကပြန်လာတဲ့သူ ၁၀ ယောက် စထားတယ်။ ပြည်ခရိုင်တစ်ခုလုံးအတွက် ကျွန်တော့်ကျောင်းကို Quarantine စင်တာအဖြစ်သုံးဖို့ရွေးထားတယ်။ အဲ့ဒီတော့ ကျောင်းပြန်ဖွင့်ဖို့က ဇွန်လကုန်တောင် မဖြစ်နိုင်သေးဘူးလို့ထင်တယ်”ဟု ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းက ပြောဆိုသည်။
တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများကို ယခုအခါ ပြန်လည်ခေါ်ယူနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားရာဒေသများသို့ သွားရောက်ပြီး တာဝန်ကျရရာတက္ကသိုလ်သို့ ပြန်လာမည့်ဆရာဆရာမများသည် သတ်မှတ်ပေးထားသည့်နေရာများတွင် ၂၁ ရက် အသွားအလာကန့်သတ်ခံရမည်ဖြစ်ပြီး၊ရောဂါမဖြစ်ပွားသည့်ဒေသမှပြန်လာမည့် ဆရာဆရာမများသည် နေထိုင်ရာအဆောင်များတွင် အသွားအလာကန့်သတ်ခံရမည်ဖြစ်သည်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်း ၁၀၀ ကျော်ရှိပြီး စာမေးပွဲဖြေဆိုရန်အတွက် ဘာသာရပ်နှစ်ခုကျန်ရှိနေသေးသည်။
<zawgyi>

Ref ; The Voice

0 comments:

Post a Comment