Tuesday, May 26, 2020

အမေရိကန် ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကျဆုံးစစ်သည်များအတွက် သမ္မတ Trump ပန်းခွေချ ဂုဏ်ပြု

အမေရိကန် ပြည်ထောင်စုမှာ တနင်္လာနေ့က ကျရောက်တဲ့ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် မြို့တော်ဝါရှင်တန် အနီးက Arlington အမျိုးသား စစ်သင်္ချိုင်းမှာ ကျင်းပတဲ့ ပန်းခွေချ ဂုဏ်ပြုပွဲကို သမ္မတ Donald Trump တက်ရောက်ပါတယ်။
အနီ၊ အဖြူနဲ့ အပြာရောင် ပန်းတွေနဲ့ မွမ်းမံထားတဲ့ ပန်းခွေကို အညတရစစ်သည် ဂူဗိမာန်ရှေ့မှာချပြီး သမ္မတက အလေးပြုခဲ့ပါတယ်။
သမ္မတ Trump နဲ့ အတူ ဒုတိယ သမ္မတ Mike Pence ၊ ကာကွယ်ရေး ဝန်ကြီး Mark Esper လည်း တက်ရောက်ပါတယ်။ နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာတော့ သမ္မတကတော် Melania Trump နဲ့ ဒုတိယ သမ္မတကတော် Karen Pence တို့နဲ့အတူ တခြား ဧည့်သည်တော်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေကြောင့် အရင်နှစ်တွေတုန်းကလို သမ္မတ အနေနဲ့ လူထုကို မိန့်ခွန်းပြောတာမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။
>>zawgyi<<
အမေရိကန် ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကျဆုံးစစ်သည်များအတွက် သမ္မတ Trump ပန်းခွေချ ဂုဏ်ပြု
Tuesday, May 26, 2020
အမေရိကန် ပြည်ထောင်စုမှာ တနင်္လာနေ့က ကျရောက်တဲ့ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် မြို့တော်ဝါရှင်တန် အနီးက Arlington အမျိုးသား စစ်သချႋုင်းမှာ ကျင်းပတဲ့ ပန်းခွေချ ဂုဏ်ပြုပွဲကို သမ္မတ Donald Trump တက်ရောက်ပါတယ်။
အနီ၊ အဖြူနဲ့ အပြာရောင် ပန်းတွေနဲ့ မွမ်းမံထားတဲ့ ပန်းခွေကို အညတရ စစ်သည် ဂူဗိမာန်ရှေ့မှာ ချပြီး သမ္မတက အလေးပြုခဲ့ပါတယ်။
သမ္မတ Trump နဲ့ အတူ ဒုတိယ သမ္မတ Mike Pence ၊ ကာကွယ်ရေး ဝန်ကြီး Mark Esper လည်း တက်ရောက်ပါတယ်။ နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာတော့ သမ္မတကတော် Melania Trump နဲ့ ဒုတိယ သမ္မတကတော် Karen Pence တို့နဲ့အတူ တခြား ဧည့်သည်တော်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေကြောင့် အရင်နှစ်တွေတုန်းကလို သမ္မတ အနေနဲ့ လူထုကို မိန့်ခွန်းပြောတာမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။

0 comments:

Post a Comment