Sunday, May 31, 2020

ပါကစ္စတန်လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ လေယာဉ်၏ အချက်အလက်များအား ဇွန်လ ၂ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ စုံစမ်းစစ်ဆေးသွားမည်

ပါကစ္စတန်လေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ လေယာဉ် အချက်အလက်နှင့် လေယာဉ်မှူးအခန်းမှ အသံဖမ်းစက်များအား ဇွန်လ ၂ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများမှ မေလ ၃၀ ရက်နေ့က ပြောကြားခဲ့ပါသည်။
လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ လုပ်ဆောင်မှုပြီးဆုံးတော့မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အရပ်ဘက်လေ ကြောင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ BEA မှ Twitter ၌ ပြောကြားခဲ့ပါသည်။ ပြင်သစ်အဖွဲ့နှင့်အတူ ပါကစ္စတန်မှ စုံစမ်းစစ်ဆေးသူများလည်း ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားခဲ့ပါသည်။
ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ Airbus A 320 အမျိုးအစား၊ ခရီးစဉ်အမှတ် PK 8303 လေယာဉ်သည် မေလ ၂၂ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း၊ ကရာချီမြို့၌ ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၉၉ ဦး တွင် ၉၇ ဦး သေဆုံးစေခဲ့ပါသည်။ ၁၅ နှစ်သက်တမ်းရှိပြီဖြစ်သော အဆိုပါလေယာဉ်အား ပြင်သစ်နိုင်ငံတွင် ဒီဇိုင်းရေးဆွဲခဲ့သည့်အတွက် ပြင်သစ်နိုင်ငံ အရပ်ဘက်လေကြောင်းလုံခြုံရေးအဖွဲ့ BEA မှ စုံစမ်းစစ်ဆေးသူများသည် အပြည်ပြည်ဆိုင်ရာ လေကြောင်းစည်းမျဉ်းစည်းကမ်းများအရ ပါကစ္စတန်ဦးဆောင်သည့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခဲ့ပါသည်။

0 comments:

Post a Comment