Sunday, May 31, 2020

COVID-19 ရောဂါ ကာကွယ်ဆေးသည် ယခုနှစ်ကုန်တွင် အဆင်သင့်ဖြစ်နိုင်ကြောင်း တရုတ်အစိုးရအဖွဲ့ ပြောကြား

တရုတ်နိုင်ငံထုတ် Coronavirus ရောဂါကာကွယ်ဆေးသည် ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်အတွင်းဖြန့်ချိရန် အဆင်သင့်ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံပိုင် ပိုင်ဆိုင်မှုကြီးကြပ်ရေးနှင့်အုပ်ချုပ်ရေးကော်မရှင် (SASAC) မှ ဆိုရှယ်မီဒီယာတစ်ခုတွင် ပြောကြားခဲ့ပါသည်။
ဝူဟန်မြို့ရှိ ဇီဝဗေဒထုတ်ကုန်ဌာနနှင့် ပေကျင်းမြို့ရှိ ဇီဝဗေဒ ထုတ်ကုန်ဌာနမှ တီထွင်ထားသည့်ကာကွယ် ဆေးများကို လူပေါင်း ၂,၀၀၀ ကျော် လက်ခံရရှိထား ကြောင်း စမ်းသပ်စစ်ဆေးမှုများအရ သိရှိရပါသည်။
တရုတ်နိုင်ငံ၏ ဆိုရှယ်မီဒီယာ platform ဖြစ်သည့် WeChat တွင် မေလ ၂၉ ရက်နေ့ ဖော်ပြချက်အရ ကာကွယ်ဆေးသည် ယခုနှစ်အကုန် သို့မဟုတ် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် ဈေးကွက်အတွင်းဖြန့်ချိရန် အဆင့်သင့်ဖြစ်နိုင်ကြောင်း သိရှိရပါသည်။
ဝူဟန်မြို့ရှိ ဇီဝဗေဒထုတ်ကုန်ဌာနနှင့် ပေကျင်းမြို့ရှိ ဇီဝဗေဒ ထုတ်ကုန်ဌာနမှ ကာကွယ်ဆေးများအပေါ် လက်တွေ့စမ်းသပ်မှုပြုလုပ်ခြင်းသည် အဆင့် (၂) သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ အဆိုပါ ဌာနနှစ်ခုလုံးသည် နိုင်ငံပိုင်ဆေးဝါးအဖွဲ့ဖြစ်သော Sinopharm ကုမ္ပဏီနှင့်ဆက်နွယ်မှုရှိပြီး စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ SASAC မှ ကြီးကြပ်ပါသည်။
ပေကျင်းမြို့ရှိ ဇီဝဗေဒထုတ်ကုန်ဌာန၏ ကာကွယ်ဆေးထုတ်လုပ်မှုသည် နှစ်စဉ် ထုတ်လုပ်မှုပမာဏ သန်း ၁၀၀ မှ သန်း ၁၂၀ အထိ ရှိမည်ဖြစ်ကြောင်း ဆောင်းပါးအရ သိရှိရပါသည်။တရုတ်နိုင်ငံတွင် လူသားများအား စမ်းသပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေး ၅ မျိုး ရှိပါသည်။ မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားရန် မည်သည့်ကုမ္ပဏီကိုမှ ဆက်သွယ်နိုင်ခြင်းမရှိပါ။

0 comments:

Post a Comment