Friday, May 29, 2020

၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် COVID-19 ဗိုင်းရပ်ကူးစက်သူအသစ် ၇၄၆၆ ဦးထိ စံချိန်တင် စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်သူအသစ် ၇၄၆၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းသည် ကပ်ရောဂါကာလအတွင်းဝယ် တစ်နေ့ထဲ အများဆုံးတွေ့ရှိခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့ကပြောကြားသည်။
ယခင်က ၂၄ နာရီအတွင်း လူနာသစ်အများဆုံးတွေ့ရှိခဲ့ခြင်းမှာ ၆ ထောင်ကျော်ဖြစ်ပြီး ယခု ၇ ထောင်ကျော်တွေ့ရှိခြင်းမှာ ပထမဆုံးအကြိမ်လည်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၇၃၄၉၁ ဦးရှိပြီဖြစ်ကာ၊ သေဆုံးသူ စုစုပေါင်း ၄၉၈၀ ဦးရှိပြီး သက်သာပျောက်ကင်းသူစုစုပေါင်း ၈၂၆၂၇ ဦးရှိသည်။
အိန္ဒိယနိုင်ငံတွင် စုစုပေါင်း လူ ၃သန်းခွဲခန့်(၃၄၈၃၈၃၈ ဦး)ကို COVID-19 စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ လက်ရှိအခြေအနေအရ အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် နဝမမြောက် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်နေသည်။
Source: NDTV
Ref: 7,466 Coronavirus Cases In India In 24 Hours, Biggest Jump So Far: 10 Points

0 comments:

Post a Comment