Friday, May 29, 2020

အမေရိကန်ထုတ် MH-60R ရဟတ်ယာဉ် ၂၄ စင်း အိန္ဒိယ မှာယူ

ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ တရားဝင်စာချုပ်မှာ အိန္ဒိယအစိုးရအတွက် MH-60R Seahawk ရဟတ်ယာဉ် ၂၁ စင်းနဲ့ အိန္ဒိယရေတပ်အတွက် MH-60R ရဟတ်ယာဉ် ၃ စင်း ထုတ်လုပ်ပို့ဆောင် ပေးဖို့ပါဝင်နေပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာမှာ ပြီးဆုံးမယ်လို့ မျှော်လင့်ရပါတယ်။ “စစ်ဆင်ရေးစုံသုံး MH-60R Seahawk ရဟတ်ယာဉ်တွေကို အိန္ဒိယရွေးချယ်တာက အိန္ဒ္ဒိယရေတပ်ကို ခေတ် အမီဆုံးရေပေါ်ရေအောက် တိုက်ခိုက်နိုင်ပြီးတော့ လက်ရှိစစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ ရဟတ်ယာဉ်တွေနဲ့ ဖြည့်တင်းလိုက်တာပါ” လို့ အဲဒီရဟတ်ယာဉ်တွေကို ထုတ်လုပ်နေတဲ့ Sikorsky ရေတပ်သုံးရဟတ်ယာဉ် အစီ အစဉ်ရဲ့ညွှန်ကြားရေးမှူး တွမ်ကိန်းကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်အစိုးရကကြေညာခဲ့တဲ့ဖြစ်နိုင်သည့်နိုင်ငံခြားလက်နက်ရောင်းဝယ်မှုကြေညာချက်အရ အခုအရောင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာသန်း ၂၆၀၀ လောက်ရှိနိုင်ပါတယ်။
အခုနှစ်၊ ဖေဖော်ဝါရီမှာ အိန္ဒိယဟာ MH-60R ၂၄ စင်းရှိလာပြီး အဲဒီရဟတ်ယာဉ်တွေဖြည့်တင်းတဲ့နောက်ဆုံး နိုင်ငံဖြစ်လာပါတယ်။ အမေရိကန်ရေတပ်ကတော့ MH-60R ကို အဓိကအသုံးပြုနေပြီး တပ်စုတွေမှာ ၂၈၉ စင်းရှိနေပါတယ်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment