Tuesday, May 26, 2020

ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကုသဆေး Remdesivir ကို ဘင်္ဂလားဒေ့ရှ်တွင် ထုတ်လုပ်ရောင်းချမည်

ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီ ဘက်ဇင်ကိုက မိမိတို့သည် အသက်သေဆုံးသည်အထိ အန္တရာယ်ပေးနိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကုသပေးသည့်ဆေးဝါးအား ပထမဆုံးစတင်ရောင်းချသည့် ကုမ္ပဏီဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဘက်ဇင်ကိုသည် ဂျီလက် သုတေသနကုမ္ပဏီ၏ ဆေးကို တရားဝင်လိုင်စင်ခံယူပြီး ရောင်းချမည်ဖြစ်သည်။
ဒါကာအခြေစိုက် ဘက်ဇင်ကိုကုမ္ပဏီက ကိုရိုနာကုသဆေး Remdesivir ကို ပုဂ္ဂလိကဆေးရုံဆေးခန်းများအား ဘင်္ဂလားဒေ့ရှ်တာကာ ၆၀၀၀(အမေရိကန်ဒေါ်လာ ၇၁ ဒေါ်လာ) ဖြင့် ရောင်းချမည်ဖြစ်ကာCOVID-19 လူနာများအား ကုသပေးနေသည့် အစိုးရဆေးရုံများကိုမူ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်ရေးမှူး ရာဘာရီဇာက အင်တာဗျူးတစ်ခုတွင် ဖြေကြားသွားသည်။
COVID-19 ရောဂါပြင်းထန်လူနာတစ်ဦးအတွက် ဆိုလျှင် ဆေးရည် အနည်းဆုံး ၆ ပုလင်း လိုအပ်လိမ့်မည်ဖြစ်ကြောင်း သူကဆိုသည်။
“ကျွန်တော်တို့ဆီ တခြားနိုင်ငံတွေက စုံစမ်းမေးမြန်းမှုတွေ ရောက်နေပါပြီ” ဟု ရီဇာကပြောကြားသည်။ ဆေးကို သမားရိုးကျဖြန့်ချိမှုအတိုင်း ဖြန့်ချိမည်မဟုတ်ကြောင်း သူကဆိုသည်။ “အစိုးရတွေ ကျွန်တော်တို့ဆီကဆေးကို လိုချင်တယ်ဆိုရင်တော့ တင်ပို့ပေးပါ့မယ်” ဟု သူကပြောကြားသည်။
ဂျီလက်သုတေသနကုမ္ပဏီမှ Remdesivir ဆေးကို တရားဝင်လိုင်စင်ခံယူပြီး ထုတ်လုပ်နေသော ကုမ္ပဏီ ၅ ခုရှိပြီး ၎င်းတို့ထဲတွင် ယခုရောင်းချမည့် ဘက်ဇင်ကိုကုမ္ပဏီအပါအဝင် အိန္ဒိယရှိ Cipla နှင့် Mylan ကုမ္ပဏီ၊ ပါကစ္စတန်ရှိ Ferozsons Laboratories ကုမ္ပဏီတို့လည်း ပါဝင်သည်။
ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ထောက်ခံချက်ဖြင့် ဆေးဝါးများအား တရားဝင်လိုင်စင် ခံယူ ရောင်းချခွင့် ရရှိထားသည်။ Remdesivir သည် COVID-19 အရေးပေါ်လူနာများအတွက် အသုံးပြုနိုင်ကြောင်း အမေရိကန်တွင် တရားဝင်အတည်ပြုချက် ရရှိထားပြီးဖြစ်ကာ COVID-19 ဆေးဝါးကုသမှုအတွက် ပထမဆုံးအတည်ပြုချက် ရရှိထားသော ဆေးလည်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ ၂၅ ရက်အထိ ကိုရိုနာကူးစက်မှုပေါင်း ၃ သောင်းခွဲခန့်ရှိကာ သေဆုံးသူ ၅၀၀ ကျော်သွားပြီဖြစ်သည်။
Ref-Development Media Group #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment