Saturday, May 30, 2020

အိန္ဒိယတွင် ကျန်းမာရေးဝန်ထမ်းထံမှ COVID-19 ဓာတ်ခွဲနမူနာများအား မျောက်များအလစ်သုတ်ယူထွက်ပြေးသွားသဖြင့် ရောဂါပိုးပျံ့နှံ့မည်ကိုစိုးရိမ်နေရ

အိန္ဒိယနိုင်ငံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးကို မျောက်အုပ်စုကတိုက်ခိုက်ပြီး COVID-19 ရောဂါရှိသူများ၏ သွေးနမူနာတွေကို ယူဆောင်သွားခဲ့ကြကြောင်း မေ ၂၉ ရက်တွင် ဆေးရုံ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ဖြစ်စဉ်ဟာ ဥတာပရာဒက်ပြည်နယ်မြို့တော် လတ်ခ်နောင်းမြို့၏မြောက်ဘက် ကီလိုမီတာ ၄၆၀ အကွာ မီးရတ်ရှိ အစိုးရပိုင်ဆေးဘက်ဆိုင်ရာ ကောလိပ်တစ်ခုမှာ လွန်ခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓါတ်ခွဲခန်းတာ၀န်ရှိသူတစ်ဦး လမ်းလျှောက်နေချိန်မှာ လူယူခံခဲ့ရတာဖြစ်ပြီး အဆိုပါ မျောက်များက အစားအစားများ၊ မိုဘိုင်းဖုန်းများ ခိုးယူမှုကို အိန္ဒိယ အာဏာပိုင်များ မကြာခဏ ကြုံတွေ့ လေ့ရှိသည်။
နယူးဒေလီမြို့တော်အနီး မီရွတ်မြို့၌ ယခုသီတင်းပတ် အစောပိုင်းတွင် ဓာတ်ခွဲနမူနာများ အလစ် သုတ်ပြီးနောက် မျောက်များက အနီးအနားရှိ သစ်ပင်များပေါ်တက်ကာ အဆိုပါဓာတ်ခွဲနမူနားများကို ဝါးစားရန် ကြိုးပမ်းခဲ့ကြသည်။
နောက်ပိုင်းတွင် ဓာတ်ခွဲနမူနာများကို ပြန်လည်ရရှိခဲ့သော်လည်း ထိခိုက်ပျက်စီးခြင်းမရှိကြောင်း မီရွတ်ဆေး ကောလိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မျောက်တွေဟာ ရောဂါသည်တွေရဲ့ သွေးနမူနာတွေကို လူနေရပ်ကွက်တွေထဲ ယူဆောင်လာရင် ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်လာမှာကို ကောလိပ်အနီး နေထိုင်သူတွေက စိုးရိမ်နေကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုမှာ ယမန်နေ့က အိမ်နီးချင်း တရုတ်နိုင်ငံကို ကျော်တက်သွားခဲ့ ပြီး ပြီးခဲ့သော ၂၄ နာရီအတွင် ၁၇၅ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်း ၄၇၀၆ ဦးအထိ ရှိလာခဲ့ပြီဟု တ ရားဝင်အချက်အလက်များအရ သိရသည်။
Ref; Indian monkeys snatch coronavirus samples

0 comments:

Post a Comment