Sunday, May 31, 2020

အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအားလုံး ဇွန် ၁ ရက်မှစ၍ ရုံးပြန်တက်ရမည်

အစိုးရရုံးဝန်ထမ်းတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဝန်ထမ်းအားလုံးကို ဇွန် ၁ ရက်ကစလို့ ရုံးပြန်တက်ရတော့မယ်လို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားလိုက်ပါတယ်။ကိုဗစ်-၁၉ မပြန့်ပွားစေဖို့အတွက် ရုံးဌာနတွေရဲ့ ရုံးချိန်မှာ ဝန်ထမ်းအင်အားထက်ဝက်ကိုပဲ တာဝန်ထမ်းဆောင်စေဖို့ သမ္မတရုံးက ပြီးခဲ့တဲ့ မတ်လကပဲ အမိန့်ထုတ်ပြန်ထားခဲ့တာပါ။
အခုတော့ ကိုဗစ်-၁၉ ကိုအတိုင်းအတာတခုအထိ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ပြီဖြစ်လို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဝန်ထမ်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ နေပြည်တော်ကောင်စီ၊ တိုင်းနဲ့ပြည်နယ်တွေက ဝန်ထမ်းတွေအနေနဲ့ ဇွန် ၁ ရက်ကစလို့ အင်အားပြည့်ရုံးတက် တာဝန်ထမ်းဆောင်ရတော့မယ်လို့ ဆိုပါတယ်။ရုံးတက်ရာမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ် တားဆီး ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်တွေနဲ့အညီ လိုက်နာနေထိုင်ရမယ်လို့ ဆိုပါတယ်။
ပြီးတော့ ကြိုပို့ယာဉ်တွေမှာလည်း လူချဲနိုင်ဖို့အတွက် ၁ နာရီခြားပြီး အရင်တင်ဆောင်နေကျရဲ့ ထက်ဝက်ကိုပဲ တင်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။
<zawgyi>

Source - Cele Channel

0 comments:

Post a Comment