Tuesday, May 26, 2020

နောက်ထပ် Covid-19 ကာကွယ်ဆေးတစ်မျိုး လူသားနှင့် စမ်းသပ်သည့်အဆင့်ရောက်ရှိ

ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ကမ္ဘာတစ်ဝန်း ကြိုးစားနေကြရာမှာ အခု နောက်ထပ်ကာကွယ် ဆေးတစ်မျိုးဟာ လူသားနဲ့ စမ်းသပ်တဲ့အဆင့်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီတစ်ခေါက် လူသားနဲ့စမ်းသပ်တာက သြစတြေးလျမှာပါ။
အမေရိကန် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း နိုဗာဗက်က သြစတြေးလျနိုင်ငံမှာ တနင်္လာနေ့ကပဲ ပထမဆုံး စေ တနာ့ဝန်ထမ်း ကူညီသူတစ်ဦးကို ကာကွယ်ဆေးထိုးသွင်းပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်း အယောက် ၁၃၀ အထိ စမ်းသပ်သွားမှာဖြစ်တယ် လို့လည်း နိုဗာဗက်ကဆိုပါတယ်။
နိုဗာဗက်ဟာ အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ အခြေစိုက်တဲ့ ဇီဝနည်းပညာလုပ်ငန်းဖြစ်ပါတယ်။ အခု စမ်းသပ်နေ တဲ့ ကာကွယ်ဆေးဟာ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းတွေကို မြင့်မြင့်မားမား ထုတ်လုပ်ပေးနိုင်စေတယ်လို့ သူတို့ကဆိုပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်ကို အခုလို သတင်းထုတ်ပြန်ပေးမယ် ဆေးပညာဂျာနယ်တစ်ခုခုမှာ သုံးသပ်ချက်ပုံစံမျိုး ဖော်ပြတာမျိုး တော့ မရှိသေးပါဘူး။
အခု လူသားနဲ့ စမ်းသပ်တဲ့ ပထမအဆင့် အောင်မြင်သွားရင် ဒုတိယအဆင့်အနေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်သွား မှာဖြစ်ပြီးတော့ အဲဒီအဆင့် အောင်မြင်ရင် ကာကွယ်ဆေးတွေကို အရှိန်အဟုန်နဲ့ ထုတ်လုပ်နိုင်ပြီလို့ဆိုပါတယ်။
Source - One News Myanmar

0 comments:

Post a Comment