Friday, May 29, 2020

မိုးထဲလေထဲတွင် ကျောက်ကပ်ဝေဒနာရှင် ကရင်တိုင်းရင်းသူလေးရဲ့အသက်ကို ထိုင်းတပ်မတော် ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်တင်

ကရင်ပြည်နယ်နှင့်သောင်းရင်းမြစ်ခြားထားတဲ့ တခ်ခရိုင်မှ ၈၄ ကီလိုမီတာသာဝေးကွာတဲ့ ထာ့ဆောင်ယန်းမြို့ ( တာဆောင်ယန်း ) ကလေးဟာ လူဦးရေ ၉.၂ သောင်းသာရှိပြီး ဝေးလံခေါင်ဖျားတဲ့တောင်ပေါ်မြေပြန့်မြို့လေးတစ်မြို့ဖြစ်ပါတယ် ။
ကရင်တိုင်းရင်းသားတွေအများစုနေထိုင်တဲ့မြို့ကလေးဖြစ်ပါတယ် ။ အဝေးပြေးလမ်းမကြီးကတော့အထူးပြောစရာမလိုပါ ၊ မဲဆောက်မြို့နဲ့ ၂၀၆.၉ ကီလိုမီတာကွာဝေးပါတယ် ၊ ။
မေလ ၂၈ ရက်နေ့က အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး Suriporn ဟာကျောက်ကပ်ဝေဒနာကိုပြင်းထန်စွာခံစားနေရပြီး ရုတ်တရက်အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာကြောင့် အရေးပေါ် နီးစပ်ရာဆေးရုံကြီးမှာ Treatment ယူရမှာမို့ မပြည့်စုံတဲ့သူတို့မြို့ကဆရာဝန်တွေကနေတဆင့်သက်ဆိုင်ရာကျမ္မာရေးဌာနနဲ့အုပ်ချုပ်ရေးတွေရဲ့သတင်းပို့ချက်အရ ထိုင်းအမှတ် ( ၃ ) စစ်တိုင်းဌာနချုပ်လက်အောက်ခံ " နရဆွန် " လေတပ်စခန်းမှ Bell 212 နဲ့ Sky Doctor Medical Team အဖွဲ့တွေပူးပေါင်းလို့ အသက်ရှူကရိယာစက်ပစ္စည်းအပြည့်အစုံနဲ့ သွားရောက်ကယ်တင်ဘို့ဆုံးဖြတ်ကြပါတယ် ။
ဖြစ်ချင်တော့ ထို့နေ့ရဲ့ ရာသီဥတုသည် ( Weather ) မိုးတွေသည်းသည်းရွာနေသည် ၊ ဒါပေမယ့်သူတို့ရဲ့ရည်မှန်းချက်က ဒီကလေးရဲ့အသက်ရှင်သန်ရေးကအဓိက ၊ အမြန်ဆုံးဆေးရုံကြီးကိုရောက်ဘို့ကအဓိကတာဝန်ကြီးဖြစ်နေသည် ၊ ဒါ့ကြောင့် ဆေးရုံရဲ့ကွင်းထဲကိုချက်ချင်းဆင်းသက်ပြီး မိုးထဲလေထဲမှာ လူနာကိုလိုအပ်တဲ့အရေးပေါ်အသက်ရှူကရိယာတွေတပ်ဆင်ပြီး ဖိစနုလို့မြို့က ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးနိုင်ခဲ့ကြတယ် ။
ရဟတ်ယာဉ်ဘေးမှာ မိုးရွာထဲစိုရွှဲလို့ကရင်လုံချည်ထမီလေးဝတ်ပြီးမတ်တပ်ရပ်၍စောင့်နေသူသည် ကျောင်းသူလေးရဲ့မိခင်များဖြစ်နေမလားဘဲ ၊ မိခင်တစ်ယောက်ရဲ့ရင်ထဲကို ဝင်ကြည့်မိတယ် သူရဲ့ရင်သွေးအတွက်သောကအပူမီးနဲ့အတူယခုလို အခမဲ့လာရောက်ကူညီပေးတဲ့ ရဟတ်ယာဉ်ကြီးနဲ့ဆေးအဖွဲ့တွေကိုရော အစိုးရကိုပါ ဘယ်လောက်ကျေးဇူးတွေနင်နေမလဲလို့ပါ ၊ မိုးနဲ့အတူ ပရိဒေဝမီးတွေ တစ်ဝက်လောက်ငြိမ်းသွားမယ်လိမ့်မယ်လို့ထင်ပါတယ်..
ဖိစနုလို့မြို့ကိုရောက်တော့ ရာသီဥတုသည် ချက်ချင်းဘဲ ပြောင်းလဲသွားလို့ ကောင်းကင်ကြီးတစ်ခုလုံးဟာ သာသာယာယာနဲ့ ကြည်လင်တောက်ပလို့နေပါတော့သည်..
ဒါ့ကြောင့် နေရာတိုင်းမှာတစ်တိုင်းပြည်လုံးငြိမ်းချမ်းသာယာနေမှတော့ ပြည်သူ့အတွက် နေရာဒေသမရွေး အချိန်မရွေးအန္တရာယ်ကင်းကင်းနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်နိုင်ခြင်းသည်လည်းငြိမ်းချမ်းရေးကြောင့်ဆိုတာကိုတော့ ငြင်းပယ်လို့မရဘူးဆိုတာပါဘဲ..
ကျွန်တော်မဲ့ဆောက်မြို့ကို ထိုင်းမြောက်ပိုင်းကနေကိုယ်တိုင်ကားမောင်းသွားရင် သောင်းရင်းမြစ်ဘေးအတိုင်းမောင်းရတာကိုပို၍နှစ်သက်မိပါတယ် ၊ လမ်းကြုံရင် " သူမွဲထ " ( ထာ့ဆွပ်မွေ )ကိုဝင်လည်ဖြစ်သလို " မဲလ " ဒုက္ခသည်စခန်းကြီးနားရောက်ရင်အစားအသောက်နဲ့မုန့်တွေ ၊ စာရေးကရိယာစာအုပ်တွေဝင်လှူလေ့ရှိပါတယ် ၊ နယ်စပ်လမ်းတစ်လျှောက်ဘာဖြစ်လို့လမ်းတွေကိုကောင်းအောင်ဖောက်ထားတာလဲလို့ ထိုင်းတပ်က မိတ်ဆွေဗိုလ်မှူးတစ်ယောက်ကိုမေးကြည့်ဖူးပါတယ်..
ယခင်က ကရင်ပြည်နယ်တစ်လျှောက်မငြိမ်းချမ်းခင်ကာလက တိုက်ပွဲတွေဖြစ်လို့လက်နက်ကြီးတွေကျော်ကျတာတွေရှိခဲ့ရင် ထိုင်းကခြေမြန်တပ်တွေ ၊ ခြေလျင်တပ်တွေ ၊ သံချပ်ကာ ယန္တယားတပ်တွေ အချိန်တိုတိုအတွင်း သူ့ပြည်သူတွေကိုကယ်ထုတ်နိုင်ဘို့ နယ်စပ်စည်းတွေကိုခြေကုတ်ရယူနိုင်ဘို့အတွက် BP -1 ( ပုံပါကျင် ) ကနေစလို့ BP-16 ( တောင်လှ ) အထိအတတ်နိုင်ဆုံး ကျေးရွာတွေကိုဖြတ်သန်းတဲ့ကားလမ်းတွေမှန်သမျှဖြူးနေအောင်ဖောက်ထားတာလည်း ကိုယ်တောင်ရောက်ခဲ့၍မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည် ။
Photo Credit : vibhavadi
Crd : SiThu Maung

0 comments:

Post a Comment