Friday, May 29, 2020

ရွှေတိဂုံစေတီတော်အား ဇွန် ၁ ရက်၌ ပြန်လည်ဖွင့်လှစ်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်

လက်ရှိ လူမှုကွန်ယက်စာမျက်နှာများတွင် ဇွန် ၁ ရက်၌ ရွှေတိဂုံစေတီတော်ပြန်လည်ဖွင့်လှစ်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်၍ နိုင်ငံတော်အစိုးရ၏ အမိန့်ညွှန်ကြားချက်များနှင့်အညီသာဖွင့်လှစ်မည်ဖြစ်ပြီး ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
''ဇွန် ၁ ရက်မှာဖွင့်မယ်ဆိုတာကသတင်းအမှားပါ။ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအမိန့်တွေပေါ်မူတည်ပြီး ဆောက်ရွက်သွားမှာပါ။ ခုဆိုရင်ပုံမှန်အားမြင့် ဒီမှာတည်ဆောက်ပြုပြင်ရေးလုပ်ငန်းတွေလုပ်နေတယ်။ ရွှေသင်္ကန်းကပ်တာတို့ စတာတွေကို လူဦးရေ ၅ ယောက်ထက်မပိုတဲ့အင်အားနဲ့လုပ်နေကြပါတယ်''ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က ပြောသည်။
crd-စံတော်ချိန် #Myanmar_Online_News
>>zawgyi<<
ရွှေတိဂုံစေတီတော်အား ဇွန် ၁ ရက်၌ ပြန်လည်ဖွင့်လှစ်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်
Friday, May 29, 2020
လက်ရှိ လူမှုကွန်ယက်စာမျက်နှာများတွင် ဇွန် ၁ ရက်၌ ရွှေတိဂုံစေတီတော်ပြန်လည်ဖွင့်လှစ်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်၍ နိုင်ငံတော်အစိုးရ၏ အမိန့်ညွှန်ကြားချက်များနှင့်အညီသာဖွင့်လှစ်မည် ဖြစ်ပြီး ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
''ဇွန် ၁ ရက်မှာဖွင့်မယ်ဆိုတာကသတင်းအမှားပါ။ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအမိန့်တွေပေါ်မူတည်ပြီး ဆောက်ရွက်သွားမှာပါ။ ခုဆိုရင်ပုံမှန်အားမြင့် ဒီမှာတည်ဆောက်ပြုပြင်ရေးလုပ်ငန်းတွေလုပ်နေတယ်။ ရွှေသင်္ကန်းကပ်တာတို့ စတာတွေကို လူဦးရေ ၅ ယောက်ထက်မပိုတဲ့အင်အားနဲ့လုပ်နေကြပါတယ်''ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က ပြောသည်။
crd-စံတော်ချိန် #Myanmar_Online_News

0 comments:

Post a Comment