Friday, May 29, 2020

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ပြန်လည်များပြားလာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ပြီး ဆိုးဝါးလာပါက စည်းမျဉ်းတွေ အားလုံးပြန်လည်ပြဌာန်း သွားမည်

တောင်ကိုရီးယားနိုင်ငံတစ်ဝန်းက ကျောင်းတွေပြန်ဖွင့်ပြီး ရက်ပိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြား လာတဲ့အတွက် ကျောင်းပေါင်း ၂၀၀ ကျော်ကို ပြန်ပိတ်လိုက်ရာ ကျောင်းသားတွေဟာ အွန်လိုင်း စာသင်ခန်း ကို ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်။
ပြန်ပိတ်လိုက်တဲ့ ကျောင်းတွေထဲမှာ ဆိုးလ် ဝန်းကျင်မှာ ရှိတဲ့ကျောင်းတွေများကြောင်း ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မေလ ၆ ရက်နေ့က ခပ်ခွာခွာနေရေး စည်းမျဉ်းကို ရုပ်သိမ်းခဲ့ရာ မြို့တော်ဆိုးလ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူ အစုလိုက်ပြန်တွေ့ရှိခဲ့တဲ့အတွက် ခပ်ခွာခွာနေရေး စည်းမျဉ်းကို မေ ၂၈ ရက်နေ့ကစပြီး ပြန်လည် ပြဌာန်းလိုက်ကြောင်း သိရပါတယ်။
ပြတိုက်တွေ၊ ပန်းခြံတွေနဲ့ အနုပညာပြခန်းတွေကို ဒီနေ့ (သောကြာနေ့) ကစပြီး သီတင်းနှစ်ပတ် (ဇွန် ၁၄ ရက်အထိ) ပြန်ပိတ်လိုက်ကြောင်း နဲ့ လုပ်ငန်းခွင်တွေမှာ ပြန်ပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ လည်ပတ်ကြရန် ကျန်းမာရေးဝန်ကြီးက အကြံပြုထားပါတယ်။
ကိုရီးယားနိုင်ငံမှာ နှစ်လနီးပါး ဗိုင်းရပ်စ်ပိုးကူးစက်ခံရနှုန်း ကျဆင်းသွားပေမယ့် ကြာသပတေးနေ့က ၂၄ နာရီ အတွင်းမှာ ကူးစက်ခံရသူ ၇၉ ဦးရှိတဲ့အတွက်အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ သိရပြီး နိုင်ငံမှာ ကူးစက်ခံရသူ ၅၀ ဉီးကျော်ကို အနည်းဆုံး ၇ ရက် ဆက်တိုက်သာ တွေ့ခဲ့မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေ အကုန် ပြန်လည်ပြဌာန်း သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ကြာသပတေးနေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၉ ဦးတွေ့ရှိတဲ့အတွက် စုစုပေါင်း ပိုးတွေ့ရှိသူ ၁၁,၃၄၄ဦး ရှိကြောင်းသိရပါတယ်။ ဧပြီ ၅ ရက်နေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၁ ဦးသာရှိတဲ့အတွက် သီတင်း ၇ ပတ်ကျော်အတွင်း လူပေါင်း တစ်သောင်းတစ်ထောင်ကျော်မှာ ကူးစက်ခံရတာလို့ ဆိုရမှာဖြစ်ပါတယ်။
crd-Myanmar Digital News #Myanmar_Online_News
>>zawgyi<<
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ပြန်လည်များပြားလာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ပြီး ဆိုးဝါးလာပါက စည်းမျဉ်းတွေ အားလုံးပြန်လည်ပြဌာန်း သွားမည်
Friday, May 29, 2020
တောင်ကိုရီးယားနိုင်ငံတစ်ဝန်းက ကျောင်းတွေ ပြန်ဖွင့်ပြီး ရက်ပိုင်းအတွင်း မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြား လာတဲ့အတွက် ကျောင်းပေါင်း ၂၀၀ ကျော်ကို ပြန်ပိတ်လိုက်ရာ ကျောင်းသားတွေဟာ အွန်လိုင်း စာသင်ခန်း ကို ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်။
ပြန်ပိတ်လိုက်တဲ့ ကျောင်းတွေထဲမှာ ဆိုးလ် ဝန်းကျင်မှာ ရှိတဲ့ကျောင်းတွေများကြောင်း ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မေလ ၆ ရက်နေ့က ခပ်ခွာခွာနေရေး စည်းမျဉ်းကို ရုပ်သိမ်းခဲ့ရာ မြို့တော်ဆိုးလ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူ အစုလိုက်ပြန်တွေ့ရှိခဲ့တဲ့အတွက် ခပ်ခွာခွာနေရေး စည်းမျဉ်းကို မေ ၂၈ ရက်နေ့ကစပြီး ပြန်လည် ပြဌာန်းလိုက်ကြောင်း သိရပါတယ်။
ပြတိုက်တွေ၊ ပန်းခြံတွေနဲ့ အနုပညာပြခန်းတွေကို ဒီနေ့ (သောကြာနေ့) ကစပြီး သီတင်းနှစ်ပတ် (ဇွန် ၁၄ ရက်အထိ) ပြန်ပိတ်လိုက်ကြောင်း နဲ့ လုပ်ငန်းခွင်တွေမှာ ပြန်ပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ လည်ပတ်ကြရန် ကျန်းမာရေးဝန်ကြီးက အကြံပြုထားပါတယ်။
ကိုရီးယားနိုင်ငံမှာ နှစ်လနီးပါး ဗိုင်းရပ်စ်ပိုးကူးစက်ခံရနှုန်း ကျဆင်းသွားပေမယ့် ကြာသပတေးနေ့က ၂၄ နာရီ အတွင်းမှာ ကူးစက်ခံရသူ ၇၉ ဦးရှိတဲ့အတွက်အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ သိရပြီး နိုင်ငံမှာ ကူးစက်ခံရသူ ၅၀ ဉီးကျော်ကို အနည်းဆုံး ၇ ရက် ဆက်တိုက်သာ တွေ့ခဲ့မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းတွေ အကုန် ပြန်လည်ပြဌာန်း သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ကြာသပတေးနေ့က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၉ ဦးတွေ့ရှိတဲ့အတွက် စုစုပေါင်း ပိုးတွေ့ရှိသူ ၁၁,၃၄၄ဦး ရှိကြောင်းသိရပါတယ်။ ဧပြီ ၅ ရက်နေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၁ ဦးသာရှိတဲ့အတွက် သီတင်း ၇ ပတ်ကျော်အတွင်း လူပေါင်း တစ်သောင်းတစ်ထောင်ကျော်မှာ ကူးစက်ခံရတာလို့ ဆိုရမှာဖြစ်ပါတယ်။
crd-Myanmar Digital News #Myanmar_Online_News

0 comments:

Post a Comment