Sunday, May 31, 2020

ချင်းပြည်နယ်တီးတိန်မြို့နယ်တွင် ဆန်အိတ်များတင်လာသည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် လူ (၂) ဦး သေးဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာနှင့် တွီးထန်တံတားကြားတွင် ကလေးမြို့မှ ထာလ်မွာလ်ကျေးရွာသို့ ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျမှုဖြစ်ပွားကြောင်းမေ(၃၁)ရက် နံနက်အစောပိုင်း ကနဦးသတင်းအရသိရှိရသည်။
ယင်း ကားတိမ်းမှောက်မှုတွင် တီးတိန်မြို့နယ်မီးသတ်စခန်း နှင့် တွီးထန်နယ်မြေမီးသတ်စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်ဟုသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂ )ဦး သေဆုံးကြောင်းသိရှိရသည်။
ထိုသေးဆုံးသူ(၂) ဦးကို SHALOM လူငယ်လူမှုကူညီရေးအသင်းမှယာဉ်ဖြင့် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Source - The Speaker
<zawgyi>
ချင်းပြည်နယ်တီးတိန်မြို့နယ်တွင် ဆန်အိတ်များတင်လာသည့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် လူ (၂) ဦး သေးဆုံး
Sunday, May 31, 2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာနှင့် တွီးထန်တံတားကြားတွင် ကလေးမြို့မှ ထာလ်မွာလ်ကျေးရွာသို့ ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျမှုဖြစ်ပွားကြောင်းမေ(၃၁)ရက် နံနက်အစောပိုင်း ကနဦးသတင်းအရသိရှိရသည်။
ယင်း ကားတိမ်းမှောက်မှုတွင် တီးတိန်မြို့နယ်မီးသတ်စခန်း နှင့် တွီးထန်နယ်မြေမီးသတ်စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်ဟုသိရငည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား(၂ )ဦး သေဆုံးကြောင်းသိရှိရသည်။
ထိုသေးဆုံးသူ(၂) ဦးကို SHALOM လူငယ်လူမှုကူညီရေးအသင်းမှယာဉ်ဖြင့် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Source - The Speaker

0 comments:

Post a Comment